ArticleNewsReviews

ဒီဇင်ဘာ၂၁ ရက်နေ့မှာ ခရစ်စမတ် အမှီထွက်လာမယ့် Bendy and the Ink Machine

ဒီတစ်ခေါက်မှာတော့ Playon က horror ဂိမ်း ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကို ယူလာပါပြီ။ သတင်းလေးကတော့ Bendy and The Ink Machine ဂိမ်း မိုဘိုင်းလ် ပေါ်ရောက်လာတော့မယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ သူက အရင်ကတော့ Nintendo Switch, PlayStation 4, Xbox One, Microsoft Windows, Macintosh operating systems နဲ့ Linux တို့ပေါ်ကို ရောက်ရှိနှင့်ပြီးပါပြီ။ အဲ့တာကြောင့် သူ့အကြောင်းကို မိုဘိုင်လ်းမှာ မဟုတ်ပဲ အခြား platform ပေါ်မှာ ကစားဖူးတဲ့ သူတွေ ဆိုရင်တော့ ကောင်းကောင်း သိကြမှာပါ။ ဒီဂိမ်းလေးကို ခရစ်စမတ်အမှီ ဒီဇင်ဘာ ၂၁ ရက်မှာ Android နဲ့ iOS အတွက် ထွက်ရှိလာဖို့ ရှိတယ်လို့ သိရပါတယ်။ Survival horror ဂိမ်းဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကတော့ အရမ်းကို ကောင်းပါတယ်။

ဂိမ်းထဲမှာ Player က Henry Stein နေရာကနေ ပါဝင်ကစားရမှာပါ။ Henry Stein က အငြိမ်းစားယူထားတဲ့ ကာတွန်းရေးဆွဲသူဖြစ်ပြီး သူ့ရေးဆွဲထားတဲ့ ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာ တာကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ ကာတွန်းတွေကနေ ရုတ်တရက် အသက်ဝင်လာတယ်ဆိုကတည်းက ကြက်သီးထဖို့ တော့ တော်တော် ကောင်းနေပါပြီ။ ဂိမ်းထဲမှာ player ဆော့ကစားဖို့ စုစုပေါင်း Chapter ၅ ခု ပါပါတယ်။

ဂိမ်းအမျိုးအစားက Survival Horror Adventure ဂိမ်းဖြစ်ပြီး သူ့မှာ သည်းထိတ်ရင်ဖို စိတ်ဝင်စားစရာကောင်းတာတွေ အများကြီးပါပါတယ်။ စိတ်ဝင်စားစရာတွေ ဆိုတာကတော့ puzzle ဂိမ်းတွေ၊ ခြောက်ခြားဖွယ်နေရာ အသစ်တွေ နဲ့ တိုက်ပွဲတွေကို ပြောတာပါ။ Horror adventure ခရီးမှာ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ကိုယ်တိုင် ဝင်ကစားကြည့်မှပဲ သိရမှာဖြစ်ပါတယ်။ အဲ့တော့ အောက်က Trailer လေးထဲ တစ်ချက်ဝင်ရှိုးလိုက်ပါနော်။

Gameplay ပုံစံက First Person Perspective ကနေဖြစ်တည်မှာ ဖြစ်တာကြောင့် အရာအားလုံးကို ကိုယ်တိုင်ဝင်ကစားနေသလို တွေ့ရမှာပါ။ ဒါ့ကြောင့် ဒီဂိမ်းရဲ့ ပုံစံက သင့်အကြိုက်နဲ့ ကိုက်တယ်ဆိုရင် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သူ့ကို ပြေးဒေါင်းဖို့ အသင့်ပြင်ထားနော်။

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password