ArticleNewsReviews

ထွက်ရှိနေပြီဖြစ်တဲ့ Ben 10 – Alien Run

ဒီတစ်ခေါက်မှာတော့ Playon က ပရိသတ်ကြီးကို ငယ်ငယ်တုန်းက အရမ်း ကြိုက်ခဲ့ရတဲ့ Ben 10 ဇာတ်ကောင်လေးပါဝင်တဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကဲကဲ့ Ben 10,ဆိုတော့ Ben 10 ဖန်တွေ ဝန်းရံလို့ရအောင် ဖတ်ကြည့်သွားကြနော်။
Ben 10 – Alien Run ကို Anil D . Ambani-led Reliance Entertainments က Zapak နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ သူက ဒီနှစ်မှာ channel တစ်ခုနဲ့ ပေါင်းပြီး ပထမဦးဆုံးထွက်ရှိလာခဲ့တဲ့ဂိမ်းလို့ပြောရင်လည်း မမှားပါဘူး။

ဂိမ်းက Ben 10 ဂိမ်းဖြစ်တာကြောင့် အဓိက ဇာတ်ကောင်ကတော့ Ben 10 ပေါ့နော်။ လူစွမ်းကောင်းဂိမ်းဖြစ်တာကြောင့် ပြိုင်စံရှား စွမ်းအင်တွေနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမှာပါ။ ဂိမ်းထဲမှာ Ben ဆိုတဲ့ ကောင်လေးက စူပါဟီးရိုးလေးတစ်ယောက်ပါ။ သူက သူ့ရဲ့ Omnitrix လို့ခေါ်တဲ့ လျို့ဝှက်ဆန်းကျယ်တဲ့နာရီနဲ့ အင်အားကြီး ဗီလိန်တွေကို အနိုင်ယူ ချေမှုန်းရမှာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ gameplay ပုံစံနဲ့ ဇာတ်လမ်းထဲကအတိုင်း များပြားလှတဲ့ ဇာတ်ကောင်တွေ ပေါင်းစပ်ထည့်သွင်းထားတဲ့ ဂိမ်းဖြစ်တာကြောင့် Ben 10 ဖန်တွေအတွက်သာမက ကလေးဘဝတုန်းက Ben 10 ကို အရူးအမူးစိတ်ဝင်စားခဲ့တဲ့သူတွေပါ ကလေးဘဝကို ပြန်လည် အမှတ်ရစေမယ့် ဂိမ်းဖြစ်ပါတယ် ။ Ben 10 – Alien Run ကို Android  အတွက် အခမဲ့ ဒေါင်းလုတ်လုပ်ယူနိုင်မှာဖြစ်ပါတယ်။ အောက်မှာ ဂိမ်းကို ကြိုက်မကြိုက် သိရအောင် နမူနာဗီဒီယို ဖိုင်လေး
ပြပေးထားပါတယ်။ တစ်ခါတည်း ဝင်ပြီး ကြည့်ကြည့်ပါနော်…XDXDXD

ဂိမ်းလေးက ကလေးတွေကို အဓိက ဦးတည်ထားတာကြောင့် ကစားပုံလေးက လွယ်ကူရိုးရှင်းပါတယ်။ ဒါ့အပြင် ဂိမ်းထဲမှာ ဇာတ်ကောင် ၁၀ ကောင်လုံးကို အပြည့်အဝ မြင်တွေ့ရမှာပါ။ အရမ်းအလန်းစား ဂိမ်းကြီးတစ်ခု မဟုတ်ပေမယ့် ကလေးဘဝက ကြိုက်ခဲ့ရတဲ့ Ben 10 ဇာတ်ကောင်လေးတွေကို ပြန်အမှတ်ရချင်တယ်ဆိုရင်တော့ ဒေါင်းလုတ်လုပ်ပြီး ကစားကြည့်ပါနော်။ ပေါ့ပေါ့ပါးပါး ဂိမ်းလေးဖြစ်တာကြောင့် သားသားမီးမီးလေးတွေအတွက် လည်းတကယ့်ကို သင့်လျော်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။

Source- www.tribuneindia.com

Download Link- Android 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password