K-Pop ပရိသတ်တွေ အကြိုက်တွေ့မယ့် BeatEVO YG – AllStars Rhythm Game

ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို Rhythm Game တွေပေါ်မှာ ဆော့ကစားချင်တဲ့ ဆန္ဒက သီချင်းချစ်သူတိုင်းလိုလိုမှာ ရှိကြပါတယ်။ အခုတော့ K-Pop ပရိသတ်တွေ ပျော်ရမယ့်အချိန် ရောက်လာပါပြီ။ YG Entertainment လက်အောက်မှာရှိတဲ့ အဆိုတော်တွေကို feature လုပ်ထားတဲ့ Rhythm ဂိမ်း ထွက်ရှိထားပြီမို့လို့ ဖြစ်ပါတယ်။

BeatEVO YG လို့ အမည်ရတဲ့ ဒီဂိမ်းမှာတော့ သင့်ရဲ့ favorite တွေဖြစ်တဲ့ 2NE1 တို့၊ BIGBANG တို့ အပါအဝင် အဖွဲ့တွေ အများကြီး ပါဝင်မှာ ဖြစ်ပါတယ်။ ကစားသူဟာ အဆိုတော်တွေကို စီမံရတဲ့ မန်နေဂျာနေရာနေ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ ကစားနည်းကတော့ မြင်ဖူးနေကျ Rhythm ဂိမ်းတွေထုံးစံအတိုင်း screen မှာပေါ်လာတဲ့ notes တွေကို စည်းချက်ကျကျ လိုက်နှိပ်ပေးရမှာပါ။ ဒီအပိုင်းနဲ့ပတ်သက်ပြီးလို့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ Rhythm ဂိမ်းတွေနဲ့ အနည်းငယ် အထိအတွေ့ရှိဖူးတယ်ဆိုရင်တောင် ချက်ချင်း သဘောပေါက်မှာ ဖြစ်ပါတယ်။

 .         

ဂိမ်းရဲ့ အဓိက objective ကတော့ သီချင်းအပုဒ်တိုင်းကို ရမှတ်များနိုင်သမျှ များများရအောင် တီးခတ်ပြီး Ranking list မှာ အပေါ်တက်အောင် ကြိုးစားရမှာပါ။ ရမှတ်များများရဖို့က ကစားသူရဲ့ အရည်အချင်းနဲ့ဆိုင်သလို မိမိမှာရှိတဲ့ Artist Card တွေရဲ့ အရည်အသွေးနဲ့လည်း သက်ဆိုင်ပါတယ်။ Trainee ၊ Artist နဲ့ Star ဆိုပြီး rarity ၃ မျိုးရှိပါတယ်။ Rarity မြင့်တဲ့ card တွေက သင့်ကို အမှတ်တွေ အများကြီး ပေါင်းပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် card တွေကို level တင်တာတို့၊ evolve လုပ်တာတို့တွေလည်း ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ Roadshow ၊ Training Room ၊ Schedules နဲ့ Special Performance ဆိုပြီး mode တွေအမျိုးမျိုးပါဝင်ပါတယ်။ Roadshow ကတော့ လွယ်လွယ်ပြောရရင် story mode ပါပဲ။ Roadshow ကို ကစားပြီးမှသာ သီချင်းတွေကို Training Room မှာ စိတ်ကြိုက်သွားကစားလို့ ရမှာဖြစ်ပါတယ်။ Roadshow မှာ Station တွေ ပြီးသွားပြီဆိုရင်တော့ Special Performance ကို ကစားလို့ရပါပြီ။ Schedules ကတော့ mission နဲ့ ဆင်တူပါတယ်။ သူ့ကိုကစားလို့ရဖို့ လိုအပ်ချက်တွေရှိသလို reward တွေရရှိဖို့ကလည်း သူခိုင်းတာကို ပြီးအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအထိကတော့ BeatEVO YG မှာ ဘာတွေလုပ်လို့ရတယ်ဆိုတာကို အကြမ်းဖျင်း ပြောပြသွားတာဖြစ်ပါတယ်။

 .         

BeatEVO YG မှာ သဘောမကျတဲ့ အချက်လေးတွေ အရင်ပြောချင်ပါတယ်။ ဒီဂိမ်းမှာ IAP (in-app purchases) အင်မတန်များပါတယ်။ Currency ၂ မျိုးပါဝင်ပြီးတော့ Premium Currency ဖြစ်တဲ့ Diamond ကို ပိုက်ဆံနဲ့ ဝယ်ယူလို့ရမှာပါ။ ဒီအထိကတော့ အားလုံးနဲ့ အသားကျနေတဲ့ IAP Scheme ပဲမို့လို့ ဘာမှပြဿနာ မရှိပါဘူး။ အဓိကပြောချင်တာက Membership စနစ်ပါ။ Gold နဲ့ Platinum ဆိုပြီး ၂ မျိုးရှိပါတယ်။ တစ်လကို $4.99 ပေးရတဲ့ Gold membership ကတော့ သင် log in လုပ်တိုင်း Diamond တွေ ရမှာဖြစ်ပါတယ်။ နောက်ဆုံးထွက် သီချင်းတွေကို အချိန်နဲ့တပြေးညီ ဆော့ကစားချင်ရင်တော့ တစ်လကို $7.99 ပေးရတဲ့ Platinum membership ကို ဝယ်ယူရမှာပါ။ Game ရဲ့ နောက်ဆုံးထွက် content တွေတော်တော်များများကလည်း Platinum membership ဝယ်ယူထားသူတွေဆီ အရင်သွားမှာ ဖြစ်ပါတယ်။ Game Developer တွေက ပိုက်ဆံရှာနေတယ်ဆိုတာ သိပေမယ့် Monthly Subscription စနစ်နဲ့ mobile ဂိမ်းတွေကိုတော့ သိပ်သဘောမတွေ့လှပါဘူး။

ဒါပေမယ့် အဲဒီ IAP အကြောင်းကို ခဏဖယ်ထားပြီး Gameplay သီးသန့်ပဲ ကြည့်လိုက်ရင်တော့ BeatEVO YG ဟာ အလွန်ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Interface တွေကလည်း တော်တော်လေးကို သပ်ရပ်ပြီး Premium ဂိမ်းတစ်ခုကို ဆော့နေရသလို ခံစားရစေပါတယ်။ သီချင်း Notes တွေကိုလည်း သီချင်းနဲ့ လိုက်ဖက်အောင် သေချာဖန်တီးထားတဲ့အထွက် ကစားရတာ အရမ်းအရသာ ရှိပါတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ Energy စနစ်မရှိတဲ့အတွက် စိတ်တိုင်းကျ ကစားလို့ရတာကိုပါ။ ခြုံပြီးပြောရရင်တော့ BeatEVO YG ဟာ အပျံစား Rhythm Game တစ်ခုဖြစ်တဲ့အတွက် သာမန်ကစားသူတွေလည်း ကြိုက်နှစ်သက်ကြမှာပါ။ YG ပရိသတ်တွေအတွက်ကတော့ ကိုယ်ကြိုက်တဲ့ Idol ရဲ့ သီချင်းတွေကို ဆော့ကစားလို့ရမှာ ဖြစ်တဲ့အတွက် perfect ပဲ ဖြစ်ပါတယ်။

Image Source:

https://itunes.apple.com/us/app/beatevo-yg-allstars-rhythm-game/id1220725191?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password