Villain Student နေရာကနေဆော့ကစားရမယ့် Beat the Boss 2!

မိတ်ဆွေကဒီဂိမ်းမှာ ကျောင်းသားနေရာကနေဆော့ရမှာပါ။ အဲ့ဒီကျောင်းသားနေရာကနေ ဆရာဖြစ်သူ Boss ကိုစိတ်ကြိုက်နှိပ်စက်နေရမှာဖြစ်တာကြောင့် Villain Student လို့အမည်ပေးလိုက်တာဖြစ်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေက မကောင်းတဲ့ Role ဖြစ်နေပေမဲ့ စိတ်သက်သာရာရမှာကတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ ဒေါသတွေကို Boss ဆီပုံချနိုင်မှာမလို့ပါ။ မိတ်ဆွေဘက်ကအသာကြီးပါပဲ၊ ဘာလို့လဲဆိုတော့ Boss ဟာမိတ်ဆွေလုပ်တာကိုပဲငြိမ်ခံနေမှာဖြစ်ပြီး ဘာမှပြန်လုပ်မှာမဟုတ်လို့ပါ။

နှိပ်စက်ရမဲ့ဂိမ်းဖြစ်တာကြောင့် နှိပ်စက်ရမဲ့ ပစ္စည်းတွေကလည်းအပြည့်အဝပါဝင်တာကိုတွေ့ရမှာပါ။ သေနတ်၊ ဗုံး၊ ချွန်ထက်တဲ့အရာ၊ တိရစ္ဆာန်တွေနဲ့ ကိုက်သတ်ခိုင်းတာ စတဲ့မျိုးစုံသော နှိပ်စက်ပုံတွေကိုတွေ့ရမှာကြောင့်စိတ်ဝင်စားစရာကောင်းမှာကတော့ အမှန်ပါပဲ။

 

Boss ဟာ သေမျိုးဖြစ်တဲ့အတွက် မိတ်ဆွေရဲ့နှိပ်စက်ချက်တွေကြားထဲမှာ အချိန်တစ်ခုရောက်ရင်တော့ သေသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ခဏအကြာမှာပဲ ပြန်ရှင်လာမှာဖြစ်ပါတယ်။ နှိပ်စက်ရမဲ့လက်နက်အားလုံး စစချင်းထဲက Unlock ဖြစ်နေမှာမဟုတ်ပါဘူး။ ပထမဉီးဆုံးမှာ မိတ်ဆွေရဲ့ ပိုင်ဆိုင်မှုကတော့ Boxing ပဲဖြစ်ပါတယ်။ ကျန်တဲ့လက်နက်တွေကိုတော့ In-game က Coin တွေနဲ့ Unlock လုပ်ရမှာဖြစ်ပါတယ်။ Coin တွေကတော့ Boss ကိုနှိပ်စက်ခြင်းဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်တစ်ခုချင်းစီကိုလည်း Damage ပိုကြမ်းလာအောင် Coin တွေအသုံးပြုပြီး upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Coin အသုံးပြုပြီးနေရာဒေသ ပြောင်းနိုင်တဲ့ Option လည်းပါဝင်ပါသေးတယ်။

 

 

နှိပ်စက်လွန်ပြီး Boss က သေသွားတယ်ဆိုရင်တော့ Coin တွေအများကြီးရရှိမှာဖြစ်ပါတယ်။ ပြီးတော့မိတ်ဆွေဆီမှာလည်း Level တွေရှိပါသေးတယ်။ Boss သေသွားရင် မိတ်ဆွေရဲ့ Level လည်းတက်လာမှာဖြစ်ပါတယ်။ နှိပ်စက်ပစ္စည်းမျိုးစုံရှိသလို မိတ်ဆွေနှိပ်စက်နိုင်တဲ့ Boss တွေလည်းအမျိုးမျိုးရှိပါတယ်။ မိတ်ဆွေစစချင်းနှိပ်စက်ရမဲ့ Boss ကတော့ Sir Joe ဖြစ်ပါတယ်။ Hoodie Mo, Manager Dmitry, Market Sato-san စတာတွေအပါအဝင် Character ပေါင်း ၁၀ ယောက်ပါဝင်တာကိုတွေ့ရမှာပါ။

Free To Play ပါ။ IOS Platform တစ်မျိုးမှာသာကစားနိုင်မယ့် ဂိမ်းလေးဖြစ်ပါတယ်။ ဒေါသထွက်နေချိန်၊ စိတ်ရှုပ်နေတဲ့အချိန်တွေမှာ အကောင်းဆုံးဂိမ်းတစ်ခု ဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://itunes.apple.com/us/app/beat-the-boss-2/id572534490?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password