Beat သံနဲ့အတူ ကစားရမယ့် Bullet Hell ဂိမ်း Beat da Beat

မိမိရဲ့လေယာဉ်လေးကို အလွန်များပြားလွန်းလှတဲ့ ကျည်ဆံတွေကြားကနေ ပွတ်ကာသီကာ ရှောင်ရှားရတဲ့ Bullet Hell ဂိမ်းအမျိုးအစားတွေကတော့ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ရင်းနှီးပြီးသား ဂိမ်းတွေဖြစ်ပါတယ်။ ဘယ်တော့ ပြန်ဆော့ဆော့ မရိုးတဲ့ ဂိမ်းအမျိုးအစားဆိုရင်လည်း မမှားပါဘူး။ ယခု Nekki က ထုတ်လိုက်တဲ့ Beat da Beat ကလည်း အဆိုပါဂိမ်းအမျိုးအစားပဲဖြစ်ပါတယ်။ တစ်ခုတော့ ဆန်းသစ်ထားပါတယ်။ အဲဒါကတော့ ကျည်ဆံတွေက Dubstep သံစဉ်အတိုင်း လာမှာဖြစ်ပါတယ်။ မှန်ပါတယ်။ ကြားလိုက်ရင် လိုက်မဒွန့်ပဲ မနေနိုင်တဲ့ Dubstep ပါ။

ဒီလိုပေါင်းစပ်လိုက်ခြင်းဟာ ဆော့ရတာ အလွန်ကို စိတ်ကျေနပ်စရာကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်လာစေပါတယ်။ ကျည်ဆံတွေက သံစဉ်အတိုင်းလာမှာဖြစ်တဲ့အတွက် ကျည်ဆံတွေ ဘယ်လိုပုံစံနဲ့ လာမယ်ဆိုတာကို အနည်းနဲ့အများ ခန့်မှန်းလို့ရသွားစေပါတယ်။ ဒါပေမယ့် အဲဒါက ဂိမ်းကိုပိုမလွယ်သွားစေတဲ့အတွက် ခက်ခက်ခဲခဲ ဆော့ရတာမျိုးကြိုက်တတ်တဲ့ Bullet Hell ပရိသတ်တွေ စိုးရိမ်စရာ မရှိပါဘူး။ ဒီလိုပေါင်းလိုက်တာဟာ ဂိမ်းဆော့ရတာ ပိုပျော်ဖို့ကောင်းသွားစေတာ တစ်ခုပဲရှိပါတယ်။

Difficulty level လေးခုပါဝင်တဲ့အတွက် မိမိနဲ့သင့်တော်မယ့် level ကို ရွေးချယ်ဆော့ကစားနိုင်မှာပါ။ ရန်သူတွေဆီကရတဲ့ coin တွေနဲ့ မိမိလေယာဉ်ကို အဆင့်မြင့်တင်နိုင်မှာ ဖြစ်သလို လေယာဉ်အသစ်တွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်ကဂိမ်းတွေလိုမျိုး pixel art စတိုင်ပဲ အသုံးပြု ရေးဆွဲထားတဲ့အတွက် အရင်ဂိမ်းဟောင်းတွေကို ဆော့နေရတဲ့ ခံစားမှုမျိုးလည်း ရရှိဦးမှာပါ။ Pixel art ပရိသတ်တွေအကြိုက်နဲ့တော့ ကွက်တိပါပဲ။ နောက်ပြီးတော့ tutorial ရော၊ ဇာတ်လမ်းရောမှာ ဟာသတွေ ဖြည့်စွက်ထားတာမို့ ရံဖန်ရံခါ ထရယ်မိနိုင်ပါတယ်။ နားကြပ်တပ်ပြီးဆော့သူတွေ အကျယ်ကြီးထမရယ်မိဖို့ ကြိုသတိပေးလိုက်ပါတယ်။

 .         

Beat da Beat ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်ပါတယ်။ ဒါပေမယ့် free version မှာ လေယာဉ်တွေ အဆင့်မြင့်တင်ရင် အချိန်စောင့်ရပါတယ်။ ပြီးတော့ မိမိလေယာဉ်ပျက်စီးပြီးသွားရင် အဲဒီလေယာဉ်ကို ချက်ချင်းပြန်သုံးလို့ မရပါဘူး။ ပြန်ပြင်ပြီးတဲ့အထိ စောင့်ရပါတယ်။ ပြီးတော့ ကြော်ငြာတွေပါ။ ကံကောင်းတာက premium version က အဲ့လောက် စျေးမကြီးတာပဲ ဖြစ်ပါတယ်။ $0.99 နဲ့ premium version ကိုဝယ်ယူလိုက်ရင်တော့ ဘာဆို ဘာမှ စောင့်စရာမလိုတော့လို့ Dubstep နဲ့ တောက်လျှောက် ဒွန့်ချင်တဲ့သူတွေအတွက် အဆင်ပြေသွားစေမှာပါ။ Beat da Beat ဟာ Classic Bullet Hell ဂိမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ဆော့ကို ဆော့ကြည့်ရမယ့် ဂိမ်းတစ်ခု ဖြစ်တာမို့ မသိလိုက်မရှိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။

Image Sources:

https://www.facebook.com/Beat-Da-Beat-385707511598814/

https://itunes.apple.com/us/app/beat-da-beat/id1022268606?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password