သားရိုင်းကောင်ကြီးတွေနဲ့တိုက်ခိုက်ပြီး Story Mode ပုံစံဆော့ချင်သောMobile Player များအတွက် Beast Quest!

ဒီဂိမ်းကတော့ မှော်အတတ်ပညာရှင်တစ်ယောက်က Avantia မှာရှိတဲ့သားရိုင်းကောင်တွေရဲ့စိတ်ကိုထိန်းချုပ်ရာမှစတင်တာပဲဖြစ်ပါတယ်။ အဲ့ဒီမှော်အတတ်ပညာရှင်ကလူကောင်းမဟုတ်တာကြောင့် သူစိတ်ထိန်းချုပ်ထားတဲ့သားရိုင်းတွေနဲ့နယ်မြေတွေကိုစတင်ဖျက်ဆီးပါပြီ။ အဲ့ဒါကြောင့် နယ်မြေတွေဖျက်ဆီးတာကကာကွယ်ဖို့နဲ့စိတ်ထိန်းချုပ်ခံထားရတဲ့သားရိုင်းတွေကိုလွတ်မြောက်စေဖို့ Hero တစ်ယောက်တော့လိုအပ်လာပါပြီ။ ဒီဂိမ်းမှာတော့မိတ်ဆွေကအဲ့ဒီ Hero နေရာကနေဆော့ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ရန်သူတွေကတော့သားရိုင်းကောင်တွေပဲဖြစ်ပါတယ်။ သားရိုင်းကောင်အသေးတွေရောအကြီးတွေနဲ့ပါတွေ့နိုင်တာကြောင့်သတိတော့ထားရမှာပါ။

                              

ဂိမ်းအစမှာမိတ်ဆွေကိုဓားတစ်ချောင်းနဲ့ဒိုင်းတစ်ခုပေးထားမှာပါ။ ရန်သူရဲ့ Combat Attack ကိုခုခံဖို့နဲ့ ရန်သူကိုပြန်ချဖို့ပါ။ မိတ်ဆွေတွေ့ရမယ့်ရန်သူတွေကလူမဟုတ်ပါဘူး၊Beast တွေပါ။ အဲ့ဒါကြောင့် သူတို့ရဲ့ Combat Attack တွေကိုဒိုင်းနဲ့ကာတာထက် လုံးဝရှောင်နိုင်ရင်ပိုအကျိုးရှိမှာပါ။ ချတဲ့အခါမှာမိတ်ဆွေတစ်လှည့် ရန်သူတစ်လှည့်ချရမှာဖြစ်ပါတယ်။ မိတ်ဆွေရှောင်ရမယ့်အချိန်မှာချမိရင်တော့ မိတ်ဆွေ Beast ကြီးပြန်ကျွေးတာခံရမှာပါပဲ။ မိတ်ဆွေက Beast တွေနဲ့တစ်ယောက်တစ်ချက်ချဖို့ကမဖြစ်နိုင်ပါဘူး။ Beast တွေကမိတ်ဆွေထက် HP ပိုများပြီး Damage ပိုများတာကြောင့်ဖြစ်တယ်။ အဲ့ဒါကြောင့်ရှောင်ရမယ့်အချိန်မှာရှောင်နိုင်ဖို့ Timing ကိုက်ဆော့နိုင်မှအဆင်ပြေပါလိမ့်မယ်။ Quest တွေကိုပြီးအောင်ဆော့ပြီးမိတ်ဆွေရဲ့လက်နက်တွေကို upgrade လုပ်နိုင်မှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့အရည်အချင်းနဲ့ရဲစွမ်းသတ္တိကပဲ Avantia ပြည်နယ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

                                    .       Avantia ပြည်နယ်တစ်ခုလုံးကိုသွားရပြီး အဲ့ဒီက Beast တွေကိုနှိမ်နှင်းရမှာမိတ်ဆွေရဲ့တာဝန်ပါ။ Beast အကြီးတွေနဲ့ဖိုက်ရမှာကြောင့် အလန်းစား Battle ပုံစံကိုတွေ့ရမှာပါ။ ပျောက်ဆုံးနေတဲ့ရတနာတွေကို ပြန်လည်ရှာဖွေစုဆောင်းရဦးမှာပါ။ Combat အလန်းစားတွေကိုတွေ့မြင်ရမှာဖြစ်ပြီး ရာကျော်ရှိတဲ့ Challenge တွေ၊Achievement တွေလည်းပါဝင်တာကိုလည်းတွေ့ရဦးမှာပါ။ မတူညီတဲ့ရာသီဥတု၊ မတူညီတဲ့သားရိုင်းကောင်တွေ၊ မတူညီတဲ့နေရာတွေကိုသွားရမှာဖြစ်တာကြောင့် အမြဲထပ်မနေအောင်လုပ်ပေးထားတာကိုလည်းတွေ့ရမှာပါ။

Free To Play  ပါ။ Free To Play ဆိုတာတော့ Android မှာပါ။ IOS မှာတော့ Dollar 1.99 တည်းဖြင့်ဝယ်ယူနိုင်ပါတယ်။ Adventure နဲ့ Action ရသနှစ်မျိုးလုံးပေးနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.miniclip.beastquest&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password