News

Neverwinter Nights အတွက် Android UI ကို ထုတ်ပြလိုက်တဲ့ Beamdog

Neverwinter Nights ကို Android ပေါ်မှာ တွေ့ရမယ်ဆိုရင် ဘယ်လိုပုံစံ တွေ့ရမယ်လို့ ထင်မိလဲ??? ဒီ မေးခွန်းအတွက် အဖြေကို ဘယ်သူမှ ဖြေနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Neverwinter Nights က Mobile ဂိမ်း မဟုတ်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဖြေကို သင့်အတွက် Beamdog ကဖြေပေးလိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ Neverwinter ရဲ့ developer ဖြစ်တဲ့ Beamdog က Android ပေါ်မှာ တွေ့ရမယ့် Neverwinter ရဲ့ ပုံစံကို Twitter မှာ ဓာတ်ပုံနဲ့ဖော်ပြပေးလိုက်တာကြောင့်ပါ။ Twitter မှာဖော်ပြထားတဲ့ ဓာတ်ပုံကိုတော့ အောက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံအရ Neverwinter Nights က Android မှာလည်း တော်တော် မိုက်တယ်လို့ ထင်ပါတယ်။ အားလုံး မျှော်လင့်ထားတဲ့ စိတ်ကူးထဲက ပုံစံအတိုင်းပါပဲ။ Player တွေက ဇာတ်ကောင်တွေနဲ့ ကင်မရာကို ထိန်းချုပ်ဖို့ virtual analogues နှစ်ခုရရှိမှာဖြစ်ပါတယ်။ Skills နဲ့ actions ကို ထိန်းချုပ်ဖို့အတွက် ဖုန်းမျက်နှာပြင်မှာတွေ့ရမယ့် button ကိုပဲ အသုံးပြုရမှာပါ။ ညာဘက်နေရာမှာ Portrait နဲ့ ဇာတ်ကောင်တွေကို ညှိနိုင်မယ့် Menu တွေကို ဖော်ပြထားမှာဖြစ်ပါတယ်။ Bottom ရဲ့ ညာဘက်မှာ လွယ်ကူရိုးရှင်းတဲ့ compass လေးပါပါတယ်။

ဂိမ်းထဲမှာ ပါဝင်မယ့် အကြောင်းအရာတွေကတော့ Console ပေါ်မှာလိုမဟုတ်တော့ပဲ ပြောင်းလဲသွားမယ်ဆိုတာကို မှတ်သားထားဖို့ လိုအပ်ပါတယ်နော်။ အခု Twitter မှာ Beamdog ကချပြလိုက်တဲ့ Neverwinter ရဲ့ Android UI ပုံရိပ် ကတော့ သူ့ရဲ့ ပထမဦးဆုံး ဓာတ်ပုံပဲဖြစ်ပါတယ်။

ကဲ… ဘော်ဒါတို့ရေ … Neverwinter Nights ကတော့ မိုလ်ဘိုင်းပေါ်ကို ရောက်ရှိဖို့အတွက် ဆိုင်းပြင်နေပြီနော်… ဘယ်လိုလဲ..??? ကစားဖို့ အဆင်သင့်ပဲလား???

အရင်က Console ပေါ်မှာရော Neverwinter Nights ကို ကစားဖူးကြရဲ့လား။ သူက ၂၀၀၂ ခုနှစ်ကတည်းက ထွက်ထားတဲ့ ဂိမ်းဟောင်းဆိုတော့ တော်တော်များများကတော့ ကစားဖူးကြမယ်လို့ ထင်ပါတယ်။ အဲ့တာကြောင့် မိုလ်ဘိုင်းပေါ်ရောက်ရင် ကစားကြဖို့ admin နဲ့ အတူတူစောင့်ကြတာပေါ့နော်. .. နောက်ထပ်ထွက်လာမယ့် သတင်းတွေကိုလည်း Playon ကနေ ထပ်မံဖော်ပြပေးသွားပါဦးမယ်နော်…

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password