Reviews

မိမိကိုယ်တိုင် Drummer တစ်ယောက်လို ခံစားမှုပေးနိုင်မယ့် WeDrum

တီးဝိုင်းတစ်ခုမှာ အရေးကြီး အရေးပါ အရာရောက်တာကတော့ Bass တီးခတ်တဲ့သူနဲ့ Drum တီးတဲ့သူ ဖြစ်တဲ့ အတိုင်း အခု ဖော်ပြမယ့် ဂိမ်းမှာကတော့ မိတ်ဆွေအနေနဲ့ Drummer တစ်ယောက် နေရာကနေ ပါဝင်တီးခတ် ရမှာဖြစ်ပါတယ်။

ဂိမ်းတစ်ခုလို့ ဆိုရခြင်းထက် ပိုတဲ့ အရာကတော့ Drum တီးခတ်ခြင်းကို ဝါသနာပါတဲ့ သူတိုင်းအတွက် ရည်ရွယ်ပြီး ဂီတပညာရှင်များက ပြုလုပ်ထားတာ ဖြစ်နေပါတယ်။ ဂီတကို စိတ်ပါဝင်စားတဲ့ ဘယ်သူမဆို ဒါမှမဟုတ် တီးဝိုင်းတစ်ခုမှာ Drummer တစ်ယောက်အဖြစ် အိပ်မက်ခရီးတွေ ပြည့်စုံဖို့ ကြိုးစားနေတဲ့ မိတ်ဆွေများကို အထောက်အကူ ဖြစ်စေမှာပါ။ ရွှေ့လျားနေတဲ့ ရောင်စုံအကွက်လေးများ အတိုင်း မိမိရဲ့ Drum Set ကို Rhythm ကျကျ တီးခတ်ရမှာ ဖြစ်သလို သီချင်းပေါင်းများစွာ ပါဝင်တဲ့ အတွက်လည်း မိတ်ဆွေ အနေနဲ့ ပျင်းရိခြင်းရှိမှာ မဟုတ်ပါဘူး။

ရည်ရွယ်ချက်ကတော့ အခြေခံမှစပြီး လေ့လာနေသူများ အတွက် လေ့ကျင့်တီးခတ် နိုင်ဖို့ရန် သာမက လက်တွေ့ ဘဝမှာ Professional Drummer လုပ်ကိုင်နေသူများအနေဖြင့် ကိုယ့် Instruments များနဲ့ ဝေးကွာ နေတဲ့ အချိန်တွေမှာ လေ့ကျင့်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ အတွက် ဂီတကို ချစ်မြတ်နိုးတဲ့ မိတ်ဆွေ များကို လက်လွတ်မခံသင့်တာ အရာတစ်ခု အဖြစ် တိုက်တွန်း လိုက်ပါရစေ။

WeDrum : Drum & Music Games

Price – Free

Platform – Android & iOS

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password