Reviews

လက်ဖြောင့်တပ်သားနေရာကနေ တာဝန်ထမ်းဆောင်ရမယ့် Stick Squad: Sniper Battlegrounds

ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက် လုပ်ဆောင်ရမယ့် mission ပေါင်းများစွာပါဝင်တဲ့ ဂိမ်းလေးဘဲဖြစ်ပါတယ်။ လက်ဖြောင့်တပ်သား sniper သမားတစ်ယောက်အနေနဲ့ ပေးထားတဲ့ mission များမှာ အကောင်းဆုံးပစ်ခတ်ရမှာဖြစ်ပြီး မိမိအတွက် လိုအပ်တဲ့ လက်နက်များကို စုဆောင်း ဝယ်ယူရမှာဘဲ ဖြစ်ပါတယ်။

         

လူဆိုးများကို သုတ်သင်ရှင်းလင်းပြီး ရန်သူများရဲ့ နယ်မြေကနေ လွတ်မြောက်အောင်ပြုလုပ်ဖို့အတွက်လည်း အရေးကြီးလှပါတယ်။ Mission တစ်ခုနဲ့တစ်ခုမှာ မတူညီတဲ့ လက်နက်များကို ကိုင်ဆောင်ရဖို့အတွက်လည်း ရှိနေသလို လိုအပ်တဲ့ လက်နက်ကိုလည်း weapon upgrade လုပ်ဆောင်ဖို့လည်း မမေ့သင့်ပါဘူး။

အင်တာနက်ချိတ်ဆက်ထားခြင်းအားဖြင့် မိမိရဲ့ သူငယ်ချင်းများနဲ့ ဘယ်သူက Mission များများ ဆောင်ရွက်ပြီးစီးလည်း ဆိုတာကိုလည်း သိရှိနိုင်ပါတယ်။ ပျော်ရွှင်မှု ရရှိမယ့် ဂိမ်းကောင်းလေးတစ်ခုဆိုတာလည်း အသိပေးပါရစေ။

ဒီစိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးကတော့ Free to Play အနေနဲ့ Google Play Store ပေါ်မှာ ရယူနိုင်ပါပြီ ဖြစ်လို့ အသိပေးလိုက်ရပါတယ်ခင်ဗျာ . . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: