Reviews

Kung Fu Master တစ်ယောက်အဖြစ် သက်သေပြရမယ့် Super Kung Fu Star VS Boxing Champion Fighter

Fighting ဂိမ်းများကို ကြိုက်နှစ်သက်သူများအဖို့ သဘာကျနှစ်သက်ဖွယ်ကောင်းမယ့် ဂိမ်းလေးတစ်ခုကိုတော့ Playon မိတ်ဆွေများ အတွက် ယူဆောင်လာခဲ့ပါပြီ။ Kung Fu Master တစ်ယောက်အနေနဲ့ ဆော့ကစားရမယ့် Kung Fu Star ဂိမ်းမှာဆိုရင် မိတ်ဆွေအနေနဲ့ မိမိကိုယ်ကို strength များတိုးပွားအောင် လေ့ကျင့်ရင်း စခန်းသွားပုံစံ နဲ့ သွားလာရမှာလည်း ဖြစ်ပါတယ်။

Karate ကွန်ဖူး သိုင်းပညာများကို စုစည်းထားတဲ့ action ဂိမ်းတစ်ခုဖြစ်တဲ့အပြင် မတူညီတဲ့ fighting styles များဖြစ်ကြတဲ့ တိုက်ကွန်ဒို၊ မွေထိုင်း၊ ကွန်ဖူးတို့နဲ့ အတူ Boxing ပုံစံတွေပါဝင်မှာ ဖြစ်တဲ့ ဂိမ်းလေးဟာ ပျော်စရာ ကောင်းသလို စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာ မမှားပါဘူးဗျာ။ ပြောရမယ်ဆိုရင် game character အနေနဲ့ကတော့ တစ်ချိန်တစ်ခါက ဆရာတစ်ဆူဖြစ်ခဲ့တဲ့ fighting လောကရဲ့ Bruce Lee ကဲ့သို့ အများနဲ့ ယှဉ်ပြိုင် ရင်ဆိုင်ဖို့ အတွက်ကတော့ in game မှာမိတ်ဆွေ အနေနဲ့ Kung Fu fighter လေးတစ်ယောက်အနေနဲ့ သွားလာရမှာဘဲ ဖြစ်ပါတယ်။

ရန်သူများကို တိုက်ခိုက်အနိုင်ယူပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ တိုက်ခိုက်ရင်း မိမိကိုယ်ကို ရှင်သန်အောင် နေထိုင်ရမှာပါ။ လိုအပ်တဲ့ လက်နက်များကို ဝယ်ယူခြင်းများနဲ့ skills များကို upgrade လုပ်ရင်း အတားအဆီးများကို ကျော်လွှား အနိုင်ယူဖို့အတွက်ကတော့ စိန်ခေါ်မှုအဖြစ် တည်ရှိနေပါတယ်။

Game control ပိုင်းမှာလည်း လွယ်ကူတဲ့အတွက် ဆော့ကစားတဲ့သူများအတွက် လွယ်ကူရိုးရှင်ပြီး ပျော်ရွှင်စရာများကို ဖန်တီးပေးမယ့် ဂိမ်းတစ်ခုအဖြစ် ကျွန်တော်ကတော့ မှတ်ချက်ပြုပါရစေ။ မိမိရဲ့ ရန်သူများနဲ့ ရင်ဆိုင် တိုက်ခိုက်ရမှာကတော့ မိတ်ဆွေအပေါ်မှာ မူတည်နေပြီး မိမိရဲ့ Kung Fu Fighting အကွက်များ အသုံးပြုရင်း မတူညီတဲ့ နေရာဒေသများမှာ ရင်ဆိုင်တိုက်ခိုက်ရင်း ရန်သူများကိုချေမှုန်းရမှာလည်း ဖြစ်ပါတယ်။

No Ranking ပုံစံဖြစ်တဲ့ အတွက် မိတ်ဆွေအတွက် လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်မှာဖြစ်ပြီး ဂိမ်းရဲ့ အဓိက အရေးပါတဲ့ အချက်အနေနဲ့ ရန်သူများကို အသေအကြေအထိ ချေမှုန်းရမှာ ဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် no rules ပုံစံဖြစ်တဲ့အတွက် စိတ်ကြိုက်ဆော့ကစားနိုင်ပြီ ဖြစ်ပါတယ်။

ကွန်ဖူး master တစ်ယောက်အနေနဲ့ ရှင်သန် တိုက်ခိုက်ရမယ့် ဒီဂိမ်းကိုတော့ Free to play အနေနဲ့ Google Play store မှာ ရယူနိုင်ပါတယ် ဆိုတဲ့ အကြောင်း မိတ်ဆွေများကို အသိပေးရင်း စိတ်ဝင်စားဖို့ ကောင်းတဲ့ဂိမ်းလေးတစ်ခုကို Playon မိတ်ဆွေများအတွက် တင်ဆက်လိုက်ရပါတယ် ခင်ဗျာ. . . . . . ။

Google Play Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password