News

Battleheart 2 ကတော့ ဇူလိုင်လ ၁၂ ရက်နေ့မှာ iOS အတွက်ထွက်ရှိတော့မယ်တဲ့နော်

Battleheart 2 ကို ဇူလိုင်လ ၁၂ရက်နေ့မှာ iOS အတွက် စတင်ထွက်ရှိမယ်လို့သိရပြီး Android အတွက် ဇူလိုင် ၁၂ ရက်နောက်ပိုင်းလောက်မှ ထွက်ရှိလာနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ အဲ့တာကြောင့် သတင်းကောင်းနဲ့ သတင်းဆိုးနှစ်ခုဖြစ်နေတာပါ။ သတင်းကောင်းကတော့ iOS အတွက် ထွက်ရှိမယ်ဆိုပေမယ့် Android အတွက်တော့ ကြန့်ကြာနေဦးမယ်ဆိုတဲ့ သတင်း က Android user တွေအတွက် သတင်းဆိုးတစ်ခုပါ။ Original Battleheart ($2.99) က ၂၀၁၁ ခုနှစ်မှာစတင်ထွက်ရှိခဲ့ ပြီးသူရဲ့ ပုံစံက RPG ကို RTS စတိုင် combat mechanic တွေနဲ့ ထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်ပါတယ်။ Apple ရဲ့ touch screen devices တွေမှာနာမည်ကြီးရေပန်းစားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မှာတော့ battleheart legacy ($4.99) ထွက်ရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း Mika ရဲ့ အရမ်းကိုမိုက်တဲ့ 3D ရုပ်ထွက် ဇာတ်ကောင် ဒီဇိုင်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ player ကိုယ်တိုင် ဖန်တီးနိုင် ခွင့်ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ original battleheartရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Battleheart 2 အကြောင်းကိုစတင် မိတ်ဆက်ပေးခဲ့ပါတယ်။

Mika Mobile က သေးငယ်တဲ့ စတူဒီယိုလေးတစ်ခုဖြစ်ပေမယ့် သူ့တို့ရဲ့ဂိမ်းတွေကိုမျှော်မှန်းထားတဲ့ စံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ အခြေအနေရောက်လာမယ့် အချိန်အထိသေသေချာချာ ပြင်ဆင်ပြီးအချိန်ယူဖန်တီးတတ်တဲ့ စတူဒီယိုဖြစ်ပါတယ်။ အဲ့တာကြောင့် သူတို့ Battleheart 2 ကိုစတင်ခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကတည်းကဆိုပေမယ့် တိကျတဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် အခုလို ၂၀၁၈ ရောက်မှ ထွက်ရှိနိုင်တာဖြစ်ပါတယ်။

တရားဝင် Miky Mobile blog post ထဲမှာတော့ ခုလိုပြောထားပါတယ်။

“စိတ်လှုပ်ရှားမှုတွေ ၊ စိတ်သက်သာရာရမှုတွေနဲ့အတူနောက်ဆုံးမှာတော့ ကျွန်တော်တို့ Battleheart 2 ကိုဇူလိုင် ၁၂ ရက်နေ့မှာ iOS အတွက် စတင်ထွက်ရှိတော့မယ်လို့ ပြောနိုင်ပါပြီ။ Google Play မှာထွက်ရှိမယ့် အချိန်ကတော့ နည်းနည်းကြာပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ platform တွေအတွက် အသေးစိတ် လိုအပ်ချက်လေးတွေကို ပြင်ဆင်ဖို့အတွက်ပါ။”
Source: Mikamobile

Miky Mobile ရဲ့ပြောပုံအရဆိုရင်တော့ Android အတွက် က iOSထွက်ရှိပြီး သိပ်မကြာခင်မှာ ထွက်ရှိလာနိုင်ပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရပါဦးမယ်။ Window အတွက်ကိုလည်းအသေးစိတ်ပြောကြားသွားခြင်းမရှိသေးပါဘူး။ Battleheart 2 က Miky Mobile ရဲ့ နောက်ဆုံးထွက် ရှိလာမယ့် ဂိမ်းဖြစ်ပြီး အကောင်းဆုံး strategy franchise တစ်ခုလို့ သတ်မှတ်ထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ Battleheart fan တွေအတွက်တော့ ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံးစောင့်ခဲ့ရတာဘာမှ သိပ်ပြီးမသိသာပေမယ့် အခုလိုတစ်ပတ်ကျော်ကျော် စောင့်ရမယ့်အချိန်ကိုတော့ ကစားဖို့ စိတ်စောမိနေတာ ကြောင့် သိပ်ပြီးစောင့်ချင်ကြတော့မှာတော့ မဟုတ်လောက်ပါဘူး။ အဲ့တာကြောင့် စောင့်စရာမလိုပဲ သူဘာသာ ထွက်လာတဲ့ အချိန်ရောက်ရင် အလိုလို အကြောင်းကြားစာ noti ရောက်လာအောင် iOS user တွေ ဒီ လင့်ခ် လေးထဲဝင်ပြီး ဒေါ်လာ ၃.၉၉ (မြန်မာငွေ – ၅ထောင်ကျော်) နဲ့ pre-register လုပ်ထားလို့ရပါတယ်နော်။ မကစားကြည့်ရသေးပဲနဲ့ Pre-register ကိုငွေပေးပြီးတော့ မလုပ်ချင်သေးတဲ့သူတွေလည်း စိတ်မပူပါနဲ့နော်။ ဘာလို့လဲဆိုတော့ တရားဝင် ထွက်ရှိလာတဲ့ အချိန်ရောက်ရင် Battleheart 2 ရဲ့ ကစားလို့ကောင်းလား/ မကောင်းဘူးလား ဆိုတဲ့ review လေးကို Playon Website ကနေ ထပ်မံ ဖော်ပြ ပေးသွားပါဦးမှာကြောင့်ပဲဖြစ်ပါတယ်။

 

Source

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: