
မိုးရွာလိုက်နေပူလိုက် ဖြစ်နေတဲ့ အခုလို ဟိုမရောက်ဒီမရောက်အချိန်ကာလမှာ အိမ်ထဲမှာ အေးအေးဆေးဆေးနေပြီး ဂိမ်းဆော့နေတာ အကောင်းဆုံးလို့ gamer တော်တော်များများ တွေးကြမှာပါ။ အဲ့တာကြောင့် အိမ်မှာနေပြီး ဂိမ်းဆော့ချင်တဲ့သူတွေအတွက် (ဒါမှမဟုတ်) ရုံးတတ်ရင်း အားတဲ့ အချိန်မှာ battle play ချင်သူတွေအတွက် online ဂိမ်းတွေထဲက ကစားလို့ကောင်းတဲ့ Real time strategy ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။
Battle Boom ကို သိပြီးတဲ့ သူတွေရှိသလို မသိသေးတဲ့ သူတွေလည်းရှိကြမှာပါ။ သူက အရမ်းကြီး hot ဖြစ်တဲ့ ဂိမ်းမဟုတ်သလို နာမည်မရှိတဲ့ ဂိမ်းတစ်ခုလည်း မဟုတ်ပါဘူး။ အလယ်အလတ်လောက် အနေအထားမှာရှိနေတဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကမှ ထွက်ရှိခဲ့တာဖြစ်လို့ ထွက်ရှိထားတာ သိပ်ပြီးတော့တော့ မကြာသေးပါဘူး။
ဂိမ်းထဲမှာ player က ဘာမှလုပ်ပေးဖို့မလိုပါဘူး။ Weapons တွေနဲ့ Units တွေကို စုဆောင်းပြီး Level မြှင့်ပေးတာလောက်ပဲလုပ်ရမှာပါ။ အဓိက လိုအပ်တာက deck ကို စီစဉ်နိုင်မှုနဲ့ weapons တွေကို ရွေးချယ်တဲ့ ဗျူဟာပဲလိုတာပါ။ My deck နဲ့ Default deck ဆိုပြီးနှစ်ခုရှိပါတယ်။ ကိုယ့်စိတ်ကြိုက် deck နဲ့ ဖိုက်နိုင်ပါတယ်။ Real time ဂိမ်းဖြစ်တဲ့အတွက် သူသေကိုယ်သေကတော့ ဖိုက်ရမှာပါ။ ကိုယ်နိုင်ရင် points တွေတိုးလာမှာဖြစ်ပြီး rewards တွေလည်းရမှာပါ။ ရှုံးရင်တော့ ကိုယ့်ဆီက point တွေပြန်နှုတ်မှာပါ။ အဲ့တာကြောင့် သေသေချာချာ တိုက်ဖို့လိုပါတယ်။ Battle အပြင် Stage နဲ့ Event ဆိုပြီး နောက်ထပ်နှစ်ခုလည်းရှိပါတယ်။ Stage မှာတော့ သူသတ်မှတ်ထားတဲ့ points ပမာဏရှိမှ တိုက်နိုင်မှာပါ။ Event မှာတော့ ဘယ်အချိန်မဆိုတိုက်နိုင်ပါတယ်။ ဒါပေမယ် သူ့မှာ Points တိုးခြင်းလျော့ခြင်းတော့ မရှိပါဘူး။
တိုက်ပွဲမှာ နိုင်ရင် ရမယ့် rewards တွေက Loot box တွေဖြစ်တဲ့အတွက် ကိုယ်ဘာရမလဲဆိုတာ ကြိုပြီး မသိရပါဘူး။ ငွေပေးဝယ်ရမယ့် App – purchase တွေလည်း ပါပါတယ်။ ဒါပေမယ့် battle တွေမှာ နိုင်ဖို့ မခက်ခဲတဲ့အတွက် app-purchase ဝယ်စရာမလိုပါဘူး။ အင်တာနက်ရှိရင် utterly free ကစားလို့ရမယ့်ဂိမ်းပါ။ (မှတ်ချက်- လိုင်းမကောင်းရင်တော့ အလိုလို ရှုံးသွားမှာပါ)
Battle ချိန်က သိပ်ပြီးတော့ မကြာပါဘူး။ အလွန်ဆုံးကြာ ၃မိနစ် ၄မိနစ်လောက်ပဲရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားဖို့အရမ်းကောင်းတဲ့ battle ဂိမ်းတွေ ရှာနေတာဆိုရင်တော့ Battle Boom ကို ကစားကြည့်ဖို့ recommend ပေးချင်ပါတယ်။ Play Store နဲ့ App Store တို့မှာ အခမဲ့ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။