ဆော့ပြီး လက်ကပြန်မချချင် ဖြစ်သွားစေမယ့် Battle Bay

Angry Bird ဂိမ်းတစ်မျိုးတည်းကိုပဲ အသွင်အမျိုးမျိုး လှည့်ပတ်ထုတ်လုပ်နေတဲ့ Rovio ကုမ္ပဏီက ထူးထူးခြားခြား Angry Bird မဟုတ်တဲ့ Action ဂိမ်းတစ်ခုကို ရေးဆွဲထုတ်လုပ်ထားတယ်ဆိုတာ လူတွေ သိချင်မှသိပါလိမ့်မယ်။ အဲဒီဂိမ်းရဲ့ နာမည်ကတော့ Battle Bay လို့ခေါ်ပါတယ်။ Battle Bay ကို အလွယ်ဆုံး ရှင်းပြရရင် PC ဂိမ်းတစ်ခုဖြစ်တဲ့ World of Warships ကို အရွယ်အစားချုံ့ထားပြီး သင်္ဘောတွေကို ကာတွန်းအသွင်ပြောင်းထားတာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ online-multiplayer ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ တစ်ဖက်ကို ၅ ယောက်စီ အဖွဲ့ဖွဲ့ကာ ဆော့ကစားရမှာပါ။

 .         

ဂိမ်းကစားပုံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဘယ်ဘက်လက်နဲ့ သင်္ဘောကို မောင်းနှင်ရမှာ ဖြစ်ပြီးတော့ ညာဖက်နဲ့ အမြှောက်ကို လိုက်ချိန်ပေးရမှာပါ။ စဆော့ဆော့ချင်းမှာတော့ ထိန်းချုပ်ရတာကို ကျင့်သားရဖို့ အနည်းငယ် အချိန်ပေးရနိုင်ပါတယ်။ အခြား သင်္ဘော simulation ဂိမ်းတွေ ဆော့ကစားဖူးတယ်ဆိုရင်တော့ ထိန်းချုပ်တဲ့စနစ်က သိပ်မကွာတာမို့ ခဏလေးနဲ့ အသားကျသွားမှာပါ။ ထိန်းချုပ်တဲ့ စနစ်ကို ပိုင်နိုင်သွားပြီဆိုရင်တော့ ရန်သူတွေကို မိမိ သင်္ဘောမှာ တပ်ဆင်ထားတဲ့ လက်နက်တွေနဲ့ ပစ်ခတ် နှစ်မြုပ်ရမှာပါ။ Point သိမ်းပြီးဖြစ်စေ၊ ရန်သူတစ်သင်းလုံးကို နှစ်မြုပ်ပြီး ဖြစ်စေ တိုက်ပွဲကို အနိုင်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Point သိမ်းပြီး နိုင်တယ်ဆိုတာကတော့ ခပ်ရှားရှားပါပဲ။ ဘာကြောင့်လည်းဆိုတော့ ရန်သူသင်္ဘောတွေကို လိုက်လံပစ်ခတ်ရတာက အင်မတန် ပျော်ဖို့ကောင်းတဲ့အတွက် အားလုံးက ပစ်စရာပဲ လိုက်ရှာနေကြလို့ပါ။

တိုက်ပွဲမြေပုံထဲမှာ ပါရှိတဲ့ အကာကွယ်တွေကို ကျကျနန အသုံးချပြီး မိမိသင်္ဘောကို ရန်သူတွေ ပစ်ခတ်လို့မရအောင် နေရာချရမှာပါ။ လှိုင်းလုံးတွေကအစ အကာအကွယ်အနေနဲ့ အသုံးချလို့ရပါတယ်။ ရန်သူက ကိုယ့်ကို ပစ်ခါနီးပြီဆိုရင် လှိုင်းခွက်တွေထဲပြေးဝင်ပြီး ပုန်းလို့ရပါတယ်။ မိမိက သူများကို ပစ်မယ်ဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ ရန်သူသင်္ဘောက လှိုင်းလုံးတွေကြားက ထွက်လာမှ ပစ်ခတ်ရမှာပါ။ ဒီတစ်ချက်ကတော့ Battle Bay ကို အခြား ရေကြောင်းတိုက်ပွဲဂိမ်းတွေကနေ ကွဲထွက်သွားစေပြီး ဂိမ်းကစားရတာလည်း ပိုပြီး ပျော်ဖို့ ကောင်းသွားစေပါတယ်။

Battle Bay မှာ သင်္ဘောအမျိုးအစား ၅ မျိုးပါဝင်ပါတယ်။ အမျိုးအစားပေါ်လိုက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ အားသာချက်တွေကလည်း ပြောင်းလဲသွားဦးမှာပါ။ တကယ်လို့ သင်ဟာ လက်နက် ၂-၃ မျိုးလောက်တင်ချင်တယ်၊ speed လည်း အနေတော်လောက် လိုချင်တယ် ဆိုရင် “Shooter” သင်္ဘောကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ရန်သူကို surprise attack တွေသုံးပြီး ချချင်ရင်တော့ “Speeder” ကို ရွေးချယ်နိုင်မှာပါ။ Support လုပ်ရတာ ဝါသနာပါတဲ့သူတွေအတွက်လည်း “Fixer” ဆိုတဲ့ သင်္ဘောကို ရွေးချယ်ပြီး မိမိအသင်းသားတွေကို လိုက် heal နိုင်မှာဖြစ်ပါတယ်။

သင်္ဘောတွေပဲ အမျိုးမျိုး ရှိတာမဟုတ်ပါဘူး။ လက်နက်တွေက ပိုလို့တောင်များပါသေးတယ်။ သာမန်အမြှောက်တွေကနေ Railgun လိုလက်နက်မျိုးထိ ပါဝင်ပါတယ်။ မိမိသင်္ဘောကို ပိုမို ခံနိုင်ရည်ရှိအောင်လုပ်ပေးတဲ့ ပစ္စည်းတွေပါဝင်သလို သူများတွေကို support ပေးရာမှာ သုံးရမယ့် ပစ္စည်းတွေလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သင်္ဘောကပ္ပတိန် တွေရဲ့ skill တွေကို မိမိကစားပုံနဲ့ကိုက်ညီအောင် ရွေးချယ် အဆင့်မြှင့်တင်လို့ ရပါသေးတယ်။ သင်္ဘောတွေနဲ့ လက်နက်အမျိုးမျိုးကို လိုက်လံတွဲစပ်ကြည့်ပြီး မိမိစိတ်တိုင်းကျ သင်္ဘောတစ်စီးဖြစ်အောင် တည်ဆောက်လို့ရတာကလည်း ဒီဂိမ်းရဲ့ ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။

Battle Bay ကို Android ရော iOS မှာပါ အခမဲ့ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Freemium ဂိမ်းဖြစ်တာနဲ့အညီ ဆန္ဒရှိရင် in-game currency တွေကို ဝယ်ယူပြီး လက်နက်တွေဝယ်ယူတာတို့ကို ပြုလုပ်နိုင်မှာပါ။ ဒါပေမယ့် အပျော်ပဲဆော့မှာ ပိုက်ဆံမသုံးချင်ဘူး ဆိုရင်လည်း လုံးဝအဆင်ပြေပါတယ်။ မိမိ လက်နက်အကောင်းစားတွေ တပ်ထားသည်ဖြစ်စေ မတပ်ထားသည်ဖြစ်စေ တိုက်ပွဲတိုင်းက ပျော်ဖို့ကောင်းနေမှာပဲ ဖြစ်ပါတယ်။ Battle Bay ဟာ ရေကြောင်းစစ်ပွဲ တိုက်ရတာ ကြိုက်နှစ်သက်သူတွေအတွက် အထူးပဲ သင့်လျှော်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ တိုက်ပွဲတွေဟာလည်း ခဏလေးပဲ ကြာပြီး ပွဲရှာတာကလည်း အရမ်းမြန်တာကြောင့် ရောက်လေရာအရပ်မှာ အဆင်ပြေပြေ ဆော့ကစားနိုင်မှာပါ။ တစ်ခုရှိတာက လက်က မချချင်လောက်အောင် စွဲသွားနိုင်တာမို့ power bank လေးတွေတော့ ဆောင်ထားကြပါလို့ ကြိုတင် အသိပေးလိုက်ပါတယ်။

Image Sources:

https://forum.battlebay.net/

https://itunes.apple.com/us/app/battle-bay/id1046450453?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password