အောက်တိုဘာ ၃ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Batman: The Enemy Within

Batman: The Enemy Within – Episode 1 ဟာ PC နဲ့ Console တွေပေါ်မှာ ထွက်ရှိပြီးပြီ ဖြစ်ပေမယ့် Mobile Platform ပေါ်က Batman ပရိသတ်တွေကတော့ ဒီဂိမ်းကိုဆော့ကစားရဖို့ စောင့်ဆိုင်းနေရတာ အနည်းငယ်ကြာသွားပြီဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဒီဂိမ်းထွက်ရှိလာဖို့ စောင့်ဆိုင်းနေတယ်ဆိုရင်တော့ ဝမ်းသာလိုက်လို့ ရပါပြီ။

နဂိုကြေညာထားတဲ့ စက်တင်ဘာ ၂၆ မဟုတ်ပေမယ့် ၁ ပတ်နောက်ဆုတ်ပြီး အောက်တိုဘာ ၃ ရက်နေ့မှာ Android နဲ့ iOS Platform တွေပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရောက်ရှိလာရာမှာ Episode 1 တစ်ခုတည်းမဟုတ်ပါဘူး။ အသစ်စက်စက် Episode 2 – The Pact နဲ့တွဲပြီး ၂ ခုလုံး တစ်ပြိုင်တည်း ရောက်ရှိမှာဖြစ်လို့ စောင့်ရကျိုးနပ်သွားပါတယ်။ Batman ပရိသတ်တွေ အောက်က Episode 2 Trailer မှာပါဝင်တဲ့ ခပ်မိုက်မိုက် Harley Quinn ကိုကြည့်ပြီး အောက်တိုဘာလ ၃ ရက်နေ့ကို လက်ချိုးရေတွက်နေကြဖို့ ကြိုတင်အသိပေးလိုက်ရပါတယ်။

Batman: The Enemy Within ကို Telltale Games ကရေးဆွဲထုတ်လုပ်တာဖြစ်ပြီး ပထမဂိမ်းဖြစ်တဲ့ Batman: The Telltale Series ရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Graphic Adventure ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ ကစားသူပြုလုပ်တဲ့ရွေးချယ်မှုတွေက ဇာတ်လမ်းအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ Batman: The Enemy Within မှာ စုစုပေါင်း Episode ၅ ခုပါဝင်မှာဖြစ်ပြီး Episode 1 – The Enigma နဲ့ Episode 2 – The Pact တို့က မကြာမီထွက်ရှိတော့မှာ ဖြစ်ပါတယ်။

The Enigma is a successful opening chapter to a Batman story that’s shaping up to be more ambitious than anything Telltale attempted in the first season.

Source: GameSpot

The tension and drama that permeate The Enemy Within’s first episode make it a winner.

Source: IGN

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password