
Batman ဆိုတာကတော့ Superhero Fan တွေအားလုံးနဲ့ ရင်းနှီးပြီးသား Hero တစ်ယောက်လည်းဖြစ်ပါတယ်။ DC Fan တွေရဲ့ Idol Hero တစ်ယောက်ဆိုလည်းမမှားပါဘူး။ Batman ဟာသာမာန်လူဖြစ်နေပေမယ့် သူရဲ့ Strategy ချတဲ့အပိုင်းတွေ၊ ဘယ်သူ့ကိုမှမကြောက်တတ်တဲ့ စိတ်ဓာတ်တွေကြောင့် တော်တော်များများကြိုက်ကြတဲ့ Hero စာရင်းထဲမှာပါဝင်နေတာလည်းဖြစ်ပါတယ်။ The World’s best detective, Legendary Crime Fighter, The Dark Knight အစရှိတဲ့ အမည်အမျိုးမျိုးကို လည်းပိုင်ဆိုင်ထားပါသေးတယ်။
Batman အဓိကလုပ်ဆောင်နေတဲ့တာဝန်ကတော့ Gotham မြို့မှာရှိတဲ့ ဒုစရိုက်သမားတွေကို နောက်ကွယ်က နှိမ်နှင်းတာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေက Bruce Wyne (Batman) နေရာကနေ ဆော့ကစားရမှာဖြစ်တာကြောင့် Gotham မြို့ကြီး ရဲ့ဒုစရိုက်အမှုတွေနှိမ်နှင်းရမယ့်တာဝန်က မိတ်ဆွေတာဝန်ဖြစ်သွားမှာဖြစ်ပါတယ်။
လှုပ်လှုပ်ရှားရှားတိုက်ခိုက်ဆော့ကစားရမှာမဟုတ်ပဲ ရှုပ်ထွေးတာတွေကိုဖြေရှင်းပြီးဆော့ကစားရမှာဖြစ်ပါတယ်။ ပြီးတော့ In-game မှာပြောဆိုရမယ့် Dialect တွေကိုမိတ်ဆွေကိုယ်တိုင် ရွေးချယ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေပြောဆိုလိုက်တဲ့စကားအပေါ်လိုက်ပြီး ဇာတ်လမ်းကအနည်းငယ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဲ့လို ပုံစံအတိုင်း Episode တွေနဲ့ဆော့ကစားသွားရမှာဖြစ်ပါတယ်။ Episode 5 အထိထွက်ရှိမှာဖြစ်ပေမယ့် အခုလောလောဆယ်တော့ Episode 3 အထိပဲဆော့ကစားနိုင်မှာဖြစ်ပါတယ်။
-
- Episode 1 မှာတော့ မိတ်ဆွေရဲ့ရန်သူက Riddler ဖြစ်နေမှာပါ။ Riddler ကပေါ့သေးသေးဒုစရိုက်သမား မဟုတ်တာကြောင့် သူ့ရဲ့သောင်းကြမ်းမှုကို လွယ်လွယ်ကူကူနဲ့တော့ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။
- Episode 2 မှာတော့ မိတ်ဆွေ Batman ရဲ့ အဓိကရန်သူအကြီးစားကြီးဖြစ်တဲ့ Joker ရဲ့သောင်းကျန်းမှုကိုထိန်းချုပ်ရမှာဖြစ်ပါတယ်။ Joker သောင်းကျန်းသာဆိုရင်တော့ မိတ်ဆွေသိသင့်ပါပြီ။
- Episode 3 မှာတော့ Catwoman နဲ့ Harley Quinn တို့ပါ ပါဝင်လာမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Bruce နဲ့ Catwoman, Harley Quinn တို့ရဲ့ Romance Scene တွေကိုတွေ့ရှိရမယ့် အပိုင်းလို့လဲပြောလို့ရပါတယ်။ Episode 3 က Dialect ရွေးချယ်တဲ့အခါမှာအရေးကြီးဆုံးအပိုင်းဖြစ်တယ်လို့ အကြံပြုပါရစေ။ ကျန်တဲ့ Episode တွေကတော့ နောက်လာမယ့် Update တွေမှာပါဝင်လာဖို့ မျှော်လင့်ထားလို့ရပါတယ်။
Shipping BatCat FTW so hard in Batman: The Enemy Within ❤ pic.twitter.com/JAKHna7XfJ
— Kal ⚡ (@ShaggieKay) November 26, 2017
Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Gotham မြို့ကြီးရဲ့ နက်နဲလှတဲ့ ဒုစရိုက်အမှုတွေကိုတွေ့မြင်ရမယ့်အပြင် Dialect တွေကိုစိတ်ကြိုက်ရွေးချယ်ပြီး ကြိုက်ရာ Story ကိုပြောင်းလဲနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Image Source : Batman : The Enemy Within