မျောက်ဝံကြီးအဖြစ်နဲ့ သဘာဝဘေးရန်ကနေလွတ်အောင်ပြေးရမယ့် Banana Kong!

တောနက်ကြီးမှာနေထိုင်ကြတဲ့ တိရစ္ဆာန်တွေအတွက် သဘာဘေးအန္တရာယ်ဆိုတာ ကြောက်စရာအကောင်းဆုံးထဲကတစ်ခုပါ။ အဲ့လိုသဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပြီဆိုရင် တိရစ္ဆာန်တွေကအရင်အာရုံခံမိပြီးပြေးလွှားကြတာကိုလည်း မိတ်ဆွေသိပြီးဖြစ်မှာပါ။ ဒီဂိမ်းမှာတော့ မိတ်ဆွေက အဲ့ဒီတိရစ္ဆာန်တွေနေရာကနေ ဆော့ကစားရမှာဖြစ်ပါတယ်။ အဲ့တော့ မိတ်ဆွေကဒီဂိမ်းမှာပြေးနေရမှာဖြစ်ပါတယ်။ မိတ်ဆွေဆော့ရမဲ့ တိရစ္ဆာန်လေးကတော့ မျောက်ဝံ ပဲဖြစ်ပါတယ်။

အဲ့ဒီမျောက်နေရာကနေ အနောက်ကလိုက်လာတဲ့ မုန်တိုင်းတစ်ခုထဲမကျရောက်အောင်ပြေးရမှာဖြစ်ပါတယ်။ ပြီးတော့တစ်ခုရှိတာက မိတ်ဆွေပြေးရမယ့်လမ်းတစ်လျှောက်ကလည်း ဖြောင့်ဖြူးနေမှာတော့ မဟုတ်ပါဘူး။ ရေကန်ကြီးတွေ၊ ကျောက်တုံးကြီးတွေ၊ ချောက်ကမ်းပါးတွေများစွာရှိနေမှာပါ။ အဲ့ဒါတွေကိုရှောင်ပြီးပြေးရမှာကတော့ မိတ်ဆွေရဲ့တာဝန်သာဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေက အဲ့ဒီထဲကတစ်ခုခုနဲ့တိုက်မိသွားရင်တော့ Game Over မှာဖြစ်ပါတယ်။

 

 

တိုက်မိဖို့ကလွယ်ကူပေမဲ့ ပြုတ်ကျဖို့ကတော့ ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာကမိတ်ဆွေကို သစ်ရွက်လေထီး လေးပေးထားတာကြောင့်ပါ။ Endless Type ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေက မိမိရဲ့ Best Score ထက်သာအမြဲကျော်အောင်ဆော့နေရမှာဖြစ်ပါတယ်။ Score တွေတဖြည်းဖြည်းများလာတာနဲ့ အမျှ နေရာတွေကလည်းပြောင်းလဲလာမှာဖြစ်ပြီး အတားအဆီးတွေကလည်း များပြားလာမှာဖြစ်ပါတယ်။ တောနက်ကြီးအပြင် ချော်ရည်တွေပြည့်နက်နေတဲ့ နေရာ၊ ပင်လယ်ထဲနေရာ စတဲ့နေရာတွေမှာလည်းဆော့ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဘက်အပေါ်ဆုံးမှာ မိတ်ဆွေသုံးနိုင်တဲ့ Special Power ပေးထားတာကိုတွေ့ရမှာပါ။ အဲ့ဒီ Special Power ကတော့ လမ်းတစ်လျှောက် Banana တွေစားရာမှရရှိမှာဖြစ်ပါတယ်။ Special Power ပြည့်ပြီဆိုရင်တော့ လမ်းတစ်လျှောက်မှာရှိနေတဲ့ ကျောက်တုံးတွေ၊ အတားအဆီးတွေကိဖြိုခွဲနိုင်မှာဖြစ်ပါတယ်။

 

 

Score ပမာဏကိုလိုက်ပြီး ဆု တွေပေးသွားမှာဖြစ်လို့ မိတ်ဆွေဆော့ခဲ့သမျှ Score တွေကအလကား မဖြစ်မှာတော့ အမှန်ပါပဲ။ မျောက် အပြင် လိပ်၊ မြွေ၊ တောဝက်၊ ငှက်၊ ကျား၊ ကျားသစ် စတဲ့ Character များစွာပါဝင်တာကိုလည်းတွေ့ရမှာပါ။ အဲ့ဒီ တိရစ္ဆာန်တွေကတော့ မိတ်ဆွေပေါင်းအဖော်တွေပါပဲ။ တစ်နည်းပြောရရင် မိတ်ဆွေကိုကူညီပေးမယ့် Character လေးတွေပေါ့ဗျာ။ ဉီးထုပ်အမျိုးမျိုးနဲ့ လေထီးအမျိုးမျိုးပါဝင်ပါ သေးတယ်။ Design တွေကလည်းစုံလင်တဲ့အပြင်၊ အမျိုးအစားတွေကလည်းတစ်ခုနဲ့ တစ်ခုမတူညီတာကိုလည်းတွေ့ရမှာပါ။ အဲ့ဒါတွေအကုန်လုံးကိုတော့ In-game က Banana တွေနဲ့ Unlock လုပ်ရမှာပဲဖြစ်ပါတယ်။ Banana တွေကတော့မိတ်ဆွေသွားရာ လမ်းတစ်လျှောက်မှာရှိနေမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီးဆော့လို့ ကောင်းတဲ့ Action ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=com.fdgentertainment.bananakong

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password