Badland – A Gorgeous Side-Scrolling Game

Mobile platform ပေါ်မှာ အလှဆုံးနဲ့ အကောင်းဆုံး Side Scrolling Platformer ဂိမ်းတွေကိုပြောပြပါဆိုရင် Badland ကို ချန်ထားခဲ့လို့ မရပါဘူး။ Badland ဟာ ၂၀၁၃ ခုနှစ်ရဲ့ Apple Design Award၊ Game of the Year Award အပါအဝင် ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Badland ကို သူ့ရဲ့ လှပတဲ့ Graphic နဲ့ ဆန်းသစ်တဲ့ physics-based mechanic တွေကြောင့် လူတွေနှစ်သက်သဘောကျကြတာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ ကစားသူဟာ လင်းနို့လို အကောင်လေးတစ်ကောင်ကို ထိန်းချုပ်ပြီး အတားအဆီးတွေကို လွတ်အောင်ရှောင်ရင်း ပန်းတိုင်ကိုရောက်အောင် သွားရမှာဖြစ်ပါတယ်။ ကစားပုံကလည်း ရိုးရှင်းပါတယ်။ Screen ကို ထိထားလိုက်ရင် အပေါ်ကို ပျံတက်သွားမှာဖြစ်ပြီး လက်လွတ်လိုက်ရင် အောက်ကို ပြုတ်ကျလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေကစားနိုင်မယ့်ဂိမ်းမျိုး ဖြစ်ပါတယ်။

Badland မှာ level ပေါင်း ၁၀၀ ကျော်ပါဝင်ပြီး level တိုင်းကို သေသေချာချာ ဒီဇိုင်းထုတ်ပြီး ရေးဆွဲထားပါတယ်။ Puzzle တွေကိုလည်း အမျိုးအစားမရိုးရအောင် စနစ်တကျ ထည့်သွင်းထားတာကို တွေ့ရမှာပါ။ အကောင်လေးရဲ့ ကိုယ်လုံးနဲ့တိုက်ပြီး အပေါက်ဖွင့်ရတာမျိုးကနေ ဓားသွားတွေအများကြီးကြားကနေ လွတ်အောင်ရှောင်ရှားပြီး သွားရတာမျိုးအထိ အစုံအလင် ပါဝင်ပါတယ်။

ဒါ့အပြင် Badland မှာ gameplay ကို သက်ရောက်စေမယ့် power up တွေလည်း ပါဝင်ပါသေးတယ်။ သင့်လင်းနို့လေးကို အရွယ်အစားချုံ့ပေးတာ၊ အရွယ်အစားကြီးပေးတာ၊ အကောင်အရေအတွက်ပွားပေးတာ၊ ဘောလုံးလေးလို လှိမ့်သွားစေတာ အစရှိတဲ့ power up တွေ အများကြီး ပါဝင်ပါတယ်။ အဲဒီ power up တွေက အချို့အခက်အခဲတွေကို ဖြတ်ကျော်ဖို့ အထောက်အကူပြုပေးမှာပါ။ ဥပမာ clone လေးတွေကို အကာအကွယ်ယူပြီး ဓားတွေကြားက ဖြတ်ပျံလိုက်ရင် မိမိရဲ့အကောင်လေးကို အသက်ဆက်ရှင်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ Badland ဟာ physics-based ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ပါဝင်သမျှ အရာတွေအားလုံးဟာ physics သဘောတရားအရ လိုက်လံလှုပ်ရှားကြမှာပါ။ ဥပမာ အရာဝတ္ထုတစ်ခုကို တိုက်မိလိုက်ရင် တိုက်မိတဲ့အရှိန်ပေါ်မူတည်ပြီး လွှင့်ထွက်သွားပုံခြင်း မတူညီကြပါဘူး။ ဒါကြောင့် level တစ်ခုတည်းကို အကြိမ်ကြိမ်ဆော့ကစားရင်တောင် တစ်ကြိမ်နဲ့တစ်ကြိမ် လှုပ်ရှားရပုံချင်း မတူညီနိုင်ပါဘူး။ ဒါကြောင့် level တိုင်းကို ထပ်ခါထပ်ခါ ဆော့ကစားလည်း မပျင်းသွားစေပါဘူး။

 .         

Badland မှာ Local Multiplayer Mode ပါဝင်ပါသေးတယ်။ အဲဒီ Mode ကနေတစ်ဆင့် Device တစ်လုံးတည်းမှာ ကစားသူ ၄ ဦး တစ်ပြိုင်တည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေဆုံတဲ့အခါ အတူတကွ ဆော့ကစားနိုင်ဦးမှာပါ။ Multiplayer ကစားတဲ့အခါ ပန်းတိုင်ကို ကိုယ်အရင်ရောက်ဖို့အတွက် အခြားကစားသူတွေကို နည်းမျိုးစုံနဲ့ အကျင့်ပုတ်လို့ ရပါသေးတယ်။ ဓားတွေရှိတဲ့နေရာဆီ သူများကို တွန်းပို့လိုက်တာ၊ အပေါက်ကျဉ်းကျဉ်းလေးထဲကို သူများဝင်လို့မရအောင် ပိတ်ထားတာ အစရှိပြီး ဉာဏ်နီဉာဏ်နက် ထွက်သမျှကို အသုံးချလို့ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက Multiplayer ကစားချင်ရင် screen ကြီးကြီးနဲ့ Tablet လို Device မျိုးမှာဆော့ဖို့ အကြံပေးချင်ပါတယ်။ Screen သေးတဲ့ Device ဆိုရင် လက်တွေကွယ်နေတာနဲ့ ဆော့ရတာ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။

Badland ကို Android ရော iOS မှာပါ $0.99 နဲ့ ဝယ်ယူဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ gameplay နဲ့ လှပတဲ့ graphic တွေကြောင့် $0.99 နဲ့အလွန်တန်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူကစားလို့ရတာကြောင့် ဝယ်ရတာ ပိုလို့တောင် တန်ပါသေးတယ်။ Badland ဟာ ကော်ဖီဆိုင်မှာ Tablet လေးရှေ့မှာချပြီး သူငယ်ချင်းတွေနဲ့ ရယ်မောသံလေးတွေဖန်တီးဖို့အတွက် အထောက်အကူပြုမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

Image Source:

https://itunes.apple.com/us/app/badland/id535176909?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password