ဝက်ကလေးကို Ninja ပုံစံနဲ့မြင်တွေ့ချင်သော Mobile Gamer များအတွက် Bacon May Die ⚔️ Fun Beat Em Up Game!

Bacon လေးတွေကိုစားချင်နေတဲ့Zombie တွေ၊သားရိုင်းကောင်ကြီးတွေကတော့တောထဲမှာ သောင်းကြမ်းနေပါပြီ။အဲ့ဒီကောင်ကြီးတွေကိုနှိမ်နှင်းဖို့ Hero တစ်ယောက်တော့လိုပြန်ပါပြီ။ အဲ့ Hero ကမိတ်ဆွေဒီဂိမ်းမှာဆော့ရမယ့်ဇာတ်ကောင် ဝက်ကလေးပါပဲ။ ဝက်ကလေးဆိုပေမယ့် တိုက်ရည်ခိုက်ရည်အပိုင်းကတော့ဘယ်သူ့မှမယှဥ်နိုင်ပါဘူး။ Ninja တစ်ယောက်လောက်ကိုတိုက်ရည်ခိုက်ရည်ကောင်းပါတယ်။ ဒီဂိမ်းမှာလက်နက်ပေါင်းစုံကိုတွေ့ရမှာပါ။ အဲ့ဒီရှိသမျှလက်နက်ပေါင်းစုံကိုလည်း ဝက်ကလေးကိုင်နိုင်တာကိုလည်းတွေ့ရမှာပါ။

လက်နက် က ဝက်ပေါက်လေးထက်ပိုကြီးနေတာတောင်အဲ့ဒီဝက်ပေါက်လေး အေးအေးဆေးဆေး fightနိုင်တာကိုတွေ့ရမှာကြောင့်မိတ်ဆွေအံ့သြသွားမှာပါ။ အဲ့ဒီမိတ်ဆွေရဲ့Character ဝက်ပေါက်ကအကောင်လေးသေးသော်လည်းတွေ့ရမယ့်ကောင်တွေကတော့ အကြီးစားတွေပါပဲ။ရန်သူတွေဆီက Item တွေပြန်ယူပြီးလည်းချနိုင်မှာပါ။ Item တွေအပြင်စက်ပစ္စည်းတွေပါယူနိုင်ပါတယ်။စက်ပစ္စည်းအကြမ်းစားတွေဖြစ်တဲ့ ယာဥ်တွေပါယူနိုင်မှာဖြစ်ပါတယ်။Combat အနေနဲ့ကတော့ Physical Attack တွေသိပ်မြင်ရမှာမဟုတ်ပါဘူ။ လက်နက်တွေပဲအသုံးပြုပြီး ဖိုက်တာကြောင့် Weapon Attack Combat တွေကိုပဲအလန်းစားမြင်ရမှာပါ။အကောင်လေးကသေးတာကြောင့် Physical Attack တွေကသိပ်အလုပ်ဖြစ်မှာမဟုတ်တာကြောင့်ပါ။

     

 

 

 

 

လက်နက်တွေအနေနဲ့ကတော့ သေနတ်၊ လွှ၊ တုတ်၊ Magical Weapon တွေအပြင်အခြားလက်နက်တွေလည်းရှိပါသေးတယ်။ သေနတ်အမျိုးအစားလည်းတော်တော်စုံလင်ပါတယ်။ဒါ့အပြင်အမြင့်ကနေချိန်ထုတဲ့ Rocket လည်းပါသေးတယ်ဗျ။မထင်မှတ်ထားတာတွေလည်းတွေ့မြင်ရဦးမှာပါ။ဥပမာအနေနဲ့ တုတ်ဆို တုတ်နဲ့ရိုက်ပြီးဖိုက်တာလို့မိတ်ဆွေထင်ပါလိမ့်မယ်။ဒါပေမယ့် အဲ့ဒီတုတ်ကနေမှ Baseball ပေါ်လာပြီး Range Attack ဖြစ်သွားတာတို့ဘာတို့ပေါ့ဗျာ။

ဒီဂိမ်းမှာတော့ Bacon နဲ့ Evil တွေကြားက Epic Battle ကိုတွေ့မြင်ရမှာပါ။ အဆုံးမရှိတာကြောင့် Combat တွေအများကြီးကိုတွေ့နေရမှာပါ။ Fight တဲ့အခါမှာထွက်လာတယ့်သွေးတွေကို 2D animation နဲ့တွေ့ရမှာပါ။ အသက် ၁၈ ကျော်မှဆော့ရင်ပိုကောင်းပါတယ်။ဘာလို့လဲဆိုတော့လမ်းခရီးတလျှောက်ပြေးလွှားသတ်ဖြတ်နေတာကြောင့်သွေးအများကြီးကိုမြင်ရမှာကြောင့်ပါ။မိတ်ဆွေအသည်းမာတယ်ဆိုရင်တော့ ၁၈ မပြည့်သေးလည်းဆော့နိုင်ပါတယ်။ ၁၈ ကနေ ၂၁ အရွယ်တွေကတော့အတော်ကြိုက်ကြမှာပါ။ လုံးဝ Fighting Game ကြီးဖြစ်နေတာကြောင့်ပါ။ကယ် ဒီဂိမ်းမှာတော့မိတ်ဆွေက ဝက်ကလေးကို Control လုပ်ပြီးမိတ်ဆွေရဲ့တိုက်ခိုက်ရေးအရည်အချင်းကိုစမ်းသပ်နိုင်ပါပြီ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာဆော့နိုင်တာကြောင့်မိတ်ဆွေဆော့ဖြစ်အောင်သတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.snoutup.baconmaydie&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password