ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေအတွက် အတားအဆီးတွေကိုကူညီ ဖယ်ရှားပေးရမယ့် Bacon Escape

ဒီgame လေးက offline game တွေကိုမှကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက် ချစ်စရာ character လေးတွေနဲ့အတူဆော့ကစားနိုင်မဲ့ game ကောင်းလေးပါ။ပြီးခဲ့တဲ့ April လကမှ ထွက်ရှိထားတဲ့ game ဖြစ်ပြီး ထွက်ထွက်ချင်း ချစ်စဖွယ် character လေးတွေနဲ့ဆန်းသစ်တဲ့ design တွေကြောင့် လူကြိုက်အရမ်းများခဲ့ပါတယ်။

ဂိမ်းထဲမှာ မိတ်ဆွေက ထောင်ထဲရောက်နေတဲ့ animals လေးတွေကို Roller Coaster စီးပြီး Party ပွဲကို ရောက်အောင်ပို့ဆောင်ပေးရမှာပါ။ Roller coaster မောင်းနေတဲ့ animals လေးတွေကို ကူညီပေးရမှာဖြစ်ပြီး ကိုယ်တိုင်Roller Coaster မောင်းပေးစရာမလိုပဲ Roller Coaster သွားတဲ့လမ်းမှာရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးရမှာပါ။ အတားအဆီး အန္တရာယ်တွေက သွားလမ်းတစ်လျှောက်မှာ ရှိနေပြီး တစ်ချက်လွဲတာနဲ့ အစကနေဆော့ကစားရမှာဖြစ်လို့ မိတ်ဆွေမျက်စိလျင်ဖို့တော့ လိုပါတယ်။

ပန်းတိုင်ရောက်တဲ့အထိ Roller Coaster လမ်းတစ်လျှောက် အန္တာရာယ်တွေကို ကျော်ဖြတ်ရမှာဖြစ်ပြီး မိတ်ဆွေက Phone screenကို တစ်ချက်နှိပ်ပြီး လမ်းရှင်းပေးဖို့ပဲလိုအပ်ပါတယ်။ မိတ်ဆွေကစားဖူးတဲ့ အခြား Roller Coaster game တွေလိုမျိုး မဟုတ်ဘဲ တစ်မူထူးခြားနေမှာတော့ အမှန်ပါပဲ။

စစ ကစားချင်းမှာတော့ ဝက်လေးတစ်ကောင်နဲ့သာ ကစားနိုင်ဦးမှာဖြစ်ပြီး Level တတ်လာတာနဲ့အမျှcharacter တွေက အမျိုးမျိုး ပြောင်းလဲနေမှာပါ။ မိတ်ဆွေဆော့ကစားနိုင်မဲ့ character ပေါင်း ၃၀ကျော်ရှိပြီး cat , pig , sheep , bird, cow စတဲ့ animals လေးတွေ အများကြီးပါဝင်ပါတယ်။ သက်၀င်လှုပ်ရှားနေတဲ့ Graphic Design ကြောင့် မိတ်ဆွေကိုယ်တိုင် game ထဲရောက်နေသလိုခံစားရမှာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ character လေးတွေက မိတ်ဆွေကို ဆွဲဆောင်နေမှာအမှန်ပါပဲ။

Free to play ဖြစ်ပြီး Android , IOS နှစ်မျိုးစလုံးနဲ့ ကစားနိုင်ပါတယ်။ Rating ပိုင်းမှာတော့5 မှာ 4.3 အထိရရှိထားလို့ ပြောနေစရာတောင်မလိုတော့အောင် တကယ့်ကို ကစားလို့ကောင်းတဲ့ game ဖြစ်ပါတယ်။

 

 

Image Source : Bacon Escape 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password