ArticleNews

Australia မှာ pre-registration ဖွင့်ပေးနေပြီဖြစ်တဲ့ Talion Online

GAMEVIL က သူ့ရဲ့နောက်ဆုံးထွက် MMORPG ဂိမ်းဖြစ်တဲ့ Talion Online ကို Australia region ကနေစတင်ပြီး soft launch အဖြစ် ထွက်ရှိတော့မယ်လို့ သိရပါတယ်။ အကယ်၍ သင်က Australia မှာနေထိုင်တဲ့သူ သို့ VPN ကို Australia Region လုပ်ထားတဲ့သူဆိုရင်တော့ အခုအချိန်မှာ pre-register လုပ်ထားလို့ရပါပြီ။ Pre-register လုပ်ထားမယ်ဆိုရင် ဂိမ်းထွက်လာရင် အသုံးပြုနိုင်မယ့် လက်ဆောင်တွေလည်း အများကြီးရမှာပါ။

ဂိမ်းရဲ့ နာမည်က Talion လိုတော့ နည်းနည်း ထူးဆန်းနေမှာပေါ့။ ဒီဂိမ်းက နာမည်နဲ့တင် ကတယ့်ကို ဆွဲဆောင်မှုရှိတာပါ။ ဘာကြောင့်လဲဆိုတော့ Talion ဆိုတဲ့ အဓိပ္ပါယ်က an eye for an eye လို့ဆိုလိုတာပါ။ မြန်မာလို ပြောရမယ်ဆိုရင် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပေါ့နော်။ ဒီအသုံးအနှုန်းလေးကို အငြိုးကြီးပြီး ကလဲစားချေတတ်တဲ့သူတွေ သုံးတာ များပါတယ်။ ဒီဂိမ်းထဲမှာ player က Talion အဖြစ်ကစားရမှာဆိုတော့ ကလဲ့စားချေတဲ့သူ လုပ်ရမှာပေါ့နော်။ နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Talion Online မှာ PvP warface ကို ဦးတည်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ပုံစံကိုလည်း ဆံပင်ပုံစံက အစ မိတ်ကပ်အဆုံး အားလုံးကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်မှာပါ။ အပြင်းစား အမိုက်စားတိုက်ပွဲတွေနဲ့ ရန်သူတွေကို ချေမှုန်းပြီး အောင်မြင်မှုရယူရမယ့် ဂိမ်းဖြစ်တာကြောင့် MMORPG fan တွေလုံးဝကို ကြိုက်ကြမှာပါ။

ဂိမ်းထဲမှာ occupy,raid နဲ့ team battle တွေလို တစ်မျိူးနဲ့တစ်မျိူး မတူတဲ့ realm versus တွေနဲ့ realm modes ထည့်သွင်းထားပါတယ်။ အဲ့တာကြောင့် Talion Online ထဲမှာ ကြီးမားတဲ့ PvP warfare ကြီးကို တွေ့ရမှာပါ။
Pre-registration Trailer လေးကို တစ်ချက် ရှိုးလိုက်ပါဦး။

ဗီဒီယိုလေးကိုကြည့်ပြီး Talion ဖြစ်ချင်သွားပြီမဟုတ်လား။ ဖြစ်ချင်သွားကြပြီဆိုရင်တော့ အောက်က website မှာ pre-register link တွေပေးထားပါတယ်။ ဝင်ပြီးသာ pre-register လုပ်ထားလိုက်ပါတော့။ XDXDXD အဲတစ်ခုရှိတာက region က Australia ဖြစ်ပါမယ်နော်။

Google Play pre-register /App Store pre-register 

Reference-  www.droidgamers.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password