News

GameSamba ရဲ့ Attack on Titan မိုလ်ဘိုင်းဂိမ်းနာမည်နဲ့ logo သိရပြီနော်

Attack on Titan လို့ပြောလိုက်တာနဲ့ မသိတဲ့သူ သိပ်ပြီးမရှိလောက်ပါဘူး။ ရုပ်ရှင်နာမည်ကို မေ့တေ့တေ့ ဖြစ်နေရင်တောင် Titan ကောင်ကြီးတွေကိုတော့ မှတ်မိလောက်မယ်ထင်ပါတယ်။ အဲ့ဒီလို အရမ်းကို နာမည်ကြီးခဲ့တဲ့ Attack on Titan စီးရီးကို အခြေခံထားတဲ့ ဂိမ်းကို မိုလ်ဘိုင်းပေါ်မှာ ညိမ့်ညိမ့်လေးကစားရမယ်ဆိုရင်ရော??? မကစားချင်ကြဘူးလား။

ကစားချင်တယ်ဆိုရင်တော့ ဝမ်းသာလိုက်ကြတော့နော်။ မကြာခင် Titan တွေနဲ့ မိုလ်ဘိုင်းပေါ်မှာ အပီအပြင်ကို ဖိုက်ရတော့မှာပါ။ ဂိမ်းရဲ့ နာမည်က Attack on Titan Assault ဖြစ်ပြီး Android, iOS နှစ်မျိုးစလုံးနဲ့ ကစားနိုင်မယ်လို့သိရပါတယ်။

Attack on Titan: Assault ကို GameSamba က ထုတ်လုပ်ပြီး Attack on Titan ရဲ့ official manga publisher “Kodansha” ရဲ့ ခွင့်ပြု လိုင်စင်ရယူထားတဲ့ဂိမ်းလို့သိရပါတယ်။ ကိုယ်တိုင် Anime ရုပ်ရှင်ထဲဝင်နေရသလို အတွေ့အကြုံကိုပေးနိုင်တဲ့ RPG runner ဂိမ်းဖြစ်တာကြောင့် ကစားနေရင်း သည်းထိတ်ရင်ဖိုခံစားရမှာပါ။ ဂိမ်းထဲမှာ anime စီးရီးထဲကအတိုင်း တိုက်ပွဲတွေဆင်နွှဲရမှာဖြစ်ပြီး ရှင်သန်ရဖို့အတွက် မြန်ဆန်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ adventure RPG ဂိမ်းအမျိုးအစားတွေ ကြိုက်တဲ့ သူတွေအတွက်တော့ စောင့်ဖို့ဂိမ်း တစ်ခုတိုးလာတာပေါ့နော်။

GameSamba က Seattle, Hong Kong နဲ့ Tokyo နိုင်ငံတွေမှာရှိတဲ့ စတူဒီယိုတွေနဲ့ free-to-play မိုလ်ဘိုင်းဂိမ်းတွေကို ဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဆီကို quality မြင့်ခေါင်းစဉ်တွေနဲ့ ဂိမ်းတွေကို ဖြန့်ဝေပေးချင်တာလို့သိရပါတယ်။ GameSamba က ထုတ်ဝေဖြန့်ဖြူးထားတဲ့ ဂိမ်းတွေက Star Trek™: Alien Domain, Tokyo Ghoul: Dark War, 18: Dream World တို့ဖြစ်ပြီး နောက်ထွက်လာမယ့် upcoming ဂိမ်းသစ်နာမည်က Fairy Tale: Hero’s Journey ဖြစ်ပါတယ်။ မိုလ်ဘိုင်းဂိမ်းအနေနဲ့ Fairy Tail နဲ့ Attack on Titan ကိုအခြေခံထုတ်လုပ်ထားတဲ့ဂိမ်း နှစ်ခု ထွက်မှာပါ။

Attack on Titan: Assault ထွက်ရှိမယ့် ရက်ကိုတော့ အတိအကျ မဖော်ပြထားပါဘူး။ အခုချိန်ထိ Logo နဲ့ နာမည်ပဲ သိရသေးတဲ့အတွက် ထွက်ရှိမယ့်အချိန် နည်းနည်းကြာဦးမယ်လို့ထင်ပါတယ်။ အဲ့တော့ ပျော်ပျော်ကြီးစောင့်ကြတာပေါ့နော်။

 

Source: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: