ArticleNews

Pre-registeration ဖွင့်ပေးနေပြီဖြစ်တဲ့ Attack on Titan Tactics

Playon က ဘော်ဘော်တို့ရေ Attack on Titan ရဲ့ beta ဗားရှင်းကို ကစားဖို့ အဆင်သင့်ပဲလား?

အခုအချိန်မှာတော့ pre-register ပဲလုပ်နိုင်သေးပေမယ့် ၂၀၁၉ ခုနှစ်အစေပိုင်းမှာ closed beta အနေနဲ့ ရောက်လာတော့မယ်လို့ သိရပါတယ်။ Closed beta ဆိုတော့ Opened beta ဗားရှင်းလို region တိုင်းမှာတော့ မရလောက်သေးပါဘူး။

Attack on Titan Tactics က RPG ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Android မှာရော iOS မှာပါ free ကစားနိုင်မယ့်ဂိမ်းဖြစ်ပါတယ်။ App-purchase တွေတော့ ပါပါတယ်။ သူ့ရဲ့ ပုံစံက RPG ဂိမ်းရဲ့ အရသာကို Attack on Titan ရဲ့ Story mode လေးနဲ့ ယှဉ်တွဲပြီး ကစားရမှာပါ။ Beta နဲ့တင် fan တွေ တစ်ပုံတစ်ပင်ကြီး ဖြစ်နေတာကြောင့်ကစားလို့ကောင်းမယ့် ဂိမ်းတစ်ခုဆိုတာ လုံးဝကို သေချာပါတယ်။

Pre-registration ကို ဒီဇင်ဘာလ ၆ရက်နေ့တည်းက Official game site မှာစတင်ဖွင့်ပေးထားတာဖြစ်ပါတယ်။ Isayama Hajime ရဲ့ manga ဖြစ်တဲ့ Attack on Titan ဟာ Anime အဖြစ်ကော Live action movie အဖြစ်ကော video ဂိမ်းတွေအဖြစ်ကော စသဖြင့် အရမ်းအရမ်းကို နာမည်ကြီးပြီးအောင်မြင်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။

Pre-register here!

Attack on Titan Tactics က လူသားစားဘီလူးကြီးတွေလို့ သိထားကြတဲ့ “Titan” ကြီးတွေနဲ့ လူသားတို့ရဲ့ ဘဝခြား တိုက်ပွဲကြီးမှာ player ကိုယ်တိုင်ပါဝင်ရမယ့် ဂိမ်းလေးဖြစ်ပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ အခြေတည်ထားတဲ့ ဂိမ်းဖြစ် တာ ကြောင့် ရုပ်ရှင်ထဲကအတိုင်း သည်းထိတ်ရင်ဖိုတွေ ခံစားရမှာပါ။ Titan တွေ ရုတ်တရက် ပြန်ပေါ်လာရင် လူသားကမ္ဘာကြီးက တစ်ကြိမ်ထပ်ပြီး အတိုက်ခံရပါတယ်။ Titan တွေက ဘယ်အချိန် ပေါ်လာမှာလည်း မသိနိုင်တဲ့အတွက် အဆင်သင့်ပြင်ထားဖို့တော့ လိုပါတယ်။

Attack on Titan Tactics က Android နဲ့ iOS နှစ်မျိုးစလုံးအတွက် ၂၀၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ သတင်းတွေထွက်နေပေမယ့် ၂၀၁၉လောက်မှ ထွက်လာလောက်မယ်လို့ အက်မင် ထင်ပါတယ်။ သူ့ကို ထုတ်လုပ်တဲ့ developer ကတော့ DeNA ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သိပ်ပြီးစောင့်ဖို့ မလိုလောက်တော့ပါဘူး။ မကြာခင် လာမည် မျှော်ပါ လို့။

Pre-register လေးလဲ ဝင်ပြီးလုပ်ထားလို့ရပါတယ်။ But… 😃😃😃)

Note: Region ကန့်သတ်ထားလို့ ဖုန်းတိုင်း pre-register လုပ်မဲ့ website ထဲကို ဝင်လို့မရပါဘူး။

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password