News

Android 8 version နဲ့ ကစားလို့ရမှာမဟုတ်တော့တဲ့ Aspyr ဂိမ်းများ

Aspyr Support မှာ တရားဝင်တင်ထားတဲ့ post အရ Aspyr Media ရဲ့ ဂိမ်းတွေက Android နောက်ဆုံဗားရှင်း OS 8 (Oreo) မှာရပ်တန့်သွားပြီလို့ သိရပါတယ်။ Android Oreo မှာ ရပ်တန့်သွားတဲ့ Aspyr ဂိမ်းတွေထဲမှာ Star Wars : Knights of the Old Republic , Jade Empire နဲ့ Fahrenheit Fahrenheit: Indigo Prophecy တို့ပါဝင်ကြပါတယ်။ အခုလို ဖြစ်သွားရတဲ့အကြောင်းအရင်းကြောင့် အချို့အသုံးပြုသူတွေ သူတို့ရဲ့ဖုန်းတွေကိုအရင် version ဟောင်းဆီကို ပြန်ပြောင်းရမယ့်ပုံပါပဲ။ အဲ့လိုမှ ကစားလို့ရမှာပါ။

Aspyr ရဲ့ ခေါင်းစဉ်တွေကိုဘာကြောင့်ခုလို Android Oreo မှာရပ်တန့်လိုက်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမဖော်ပြထားပါဘူး။ Aspyr Support မှာဖော်ပြထားတဲ့ အသိပေးစာလေးကို အောက်မှာ ပြပေးထားပါတယ်။

ကျွန်တော်တို့ ဂိမ်းတွေရဲ့ Graphic ပိုင်း ပြဿနာတွေနဲ့ instability ပိုင်း ပြဿနာတွေကို Android OS 8 (Oreo) ထည့်သွင်းထားတဲ့ Galaxy device အသစ်တွေ ၊ Pixel အမျိုးအစားတွေနဲ့ ၊ OnePlus အမျိုးအစားတွေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လတ်တလောမှာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အတွက့် အဆင့်မြှင့်တင်မှုတွေ မရှိသေးပါဘူး။ ဂိမ်းအတွက် ပြန်အမ်းငွေ အပြည့်အဝကို purchase ဝယ်ယူထားတဲ့ သက်သေနဲ့အတူ ကျွန်တော်တို့ရဲ့ support team ဆီကို ပို့ပေးနိုင်ပါတယ်။ Ticket အဆိုတင်သွင်းမှုပြုလုပ်ရင်လည်း အဲ့ဒီ ဂိမ်းကို purchase လုပ်ထားတဲ့ device ရဲ့ screenshot နဲ့အတူ ပြုလုပ်ပေးကြပါ။
Source: Aspyr support

မှန်းကြည့်ထားတဲ့ ဖြစ်နိုင်ခြေကတော့ တစ်ခုပဲရှိပါတယ်။ အဲ့တာကတော့ ဂိမ်းတွေရဲ့ သက်တမ်းကြောင့် ဒါမှမဟုတ်ရင် ရောင်းရနှုန်းလျော့ကျသွားတာကြောင့်လို့ထင်ပါတယ်။ ဒါပေမယ့် အခုလို လုပ်ရပ်က အဲ့ဒီ ဂိမ်းတွေကို ငွေပေးပြီးဝယ်ယူထားတဲ့ Android 8 player တွေအတွက် အရမ်းကို နစ်နာစေပါတယ်။ (ငွေပေးဝယ်ပြီးမှ မကစားရရင် ဘယ်လိုလုပ် တန်ပါ့မလဲနော်)

Android 8 Player တွေဘက်က နစ်နာမှုရှိသလို့ publisher တွေဘက်ကလည်း အကုန်အကျ အရမ်းကို များမှာပါ။ ဘာကြောင့်လဲဆိုတော့ Google က ဂိမ်းတွေကို ဝယ်ယူပြီးရင် ၄၈ နာရီအတွင်း ပြန်အမ်းငွေပေးရမှာကြောင့် ဖြစ်ပါတယ်။ အဲ့တာကြောင့် Android 8 version update လုပ်ထားတဲ့သူတွေ မှားပြီး download လုပ်မိခဲ့ရင်လည်း ပြန်အမ်းငွေရမှာပါ။ ၄၈ နာရီကျော်တဲ့အထိ ဘာမှအခြေအနေမထူးရင်တော့ ပြန်အမ်းငွေစားရင်းမှာမပါပဲ ကျန်ခဲ့တာလို့ဆိုရမှာပါ။ အဲ့လို အခြေအနေဆိုရင်တော့ ဒီနေရာကနေ တဆင့် ဝင်ပြီးတော့ Aspyr နဲ့တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပေးပြီး ticket ကို summit လုပ်ပေးပါနော်။

Android 8 မှာရပ်နားတော့မယ့် Aspyr ရဲ့ ဂိမ်းနာမည်တွေကို ပြန်ပြောပေးပါ့မယ်နော်။ သူတို့တွေက Star Wars : Knights of the Old Republic , Jade Empire နဲ့ Fahrenheit Fahrenheit: Indigo Prophecy တို့ဖြစ်ကြပါတယ်။

Playon က မှားပြီးdownload လုပ်မိတဲ့ ဘော်ဒါတို့တွေရှိရင်လည်း ၄၈ နာရီအတွင်း Google ရဲ့ refund ငွေပြန်မရရင် Aspyr ကိုတိုက်ရိုက်အကြောင်းကြားပေးကြပါနော်။ ဒီတိုင်းငြိမ်မနေကြပါနဲ့။ 😎)

 

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password