NewsReviews

‘Asphalt 9: Legends’ – Soft Launch Preview နဲ့ ရယူကစားနည်းလမ်းညွှန်

Gameloft ရဲ့နာမည်ကြီးပြိုင်ကားဂိမ်း series ဖြစ်တဲ့ Asphalt ဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိထားခဲ့တဲ့ Asphalt 8: Airborne မှာတစ်နေတာ တော်တော်ကြီးကိုကြာပါပြီ။ ၅ နှစ်ခန့်ကြာပြီးနောက် ဒီနေ့မှာတော့ Asphalt Series ရဲ့ နောက်ဆုံးဂိမ်းဖြစ်လာမယ့် Asphalt 9: Legends ကို soft launch လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ လောလောဆယ်တော့ ဖိလစ်ပိုင်နိုင်ငံမှာပဲဆော့ကစားလို့ရဦးမှာဖြစ်တဲ့ Asphalt 9 ဟာ ဘယ်လိုမျိုးလည်းဆိုတာ Playon ရဲ့ပရိသတ်တွေ မသိမရှိလိုက်ရလေအောင် ကျွန်တော်ကျားကုတ်ကျားခဲနဲ့ ရအောင်စမ်းဆော့ကြည့်ပြီး ဂိမ်းအကျဉ်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

asphalt_9_legends

Starter Car

 

Gameplay

ဒီ Asphalt ဂိမ်းမှာ ထူးထူးခြားခြားအနေနဲ့ပါဝင်လာတာက Steering Control စနစ်က ၂ မျိုးပါဝင်လာတာပါ။ အရင်တုန်းကရင်းနှီးပြီးသားဖြစ်တဲ့ ဖုန်းကိုဘယ်ညာစောင်းပြီးထိန်းချုပ်ရတဲ့စနစ်အပြင် ‘Touch Drive’ ဆိုတဲ့ Steering Control တစ်ခုထပ်မံပါဝင်လာပါတယ်။ ဒီစနစ်မှာ ကားကအလိုအလျှောက်မောင်းနေမှာဖြစ်ပြီး ကစားသူက screen ကို touch လုပ်ပေးရုံနဲ့ drift ဆွဲမှာဖြစ်ပါတယ်။ လမ်းဆုံလမ်းခွတွေရောက်လို့ လမ်းရွေးချယ်ချင်တယ်ဆိုရင် လိုချင်တဲ့ဖက်ကို ဘယ်ညာ swipe ပေးလိုက်ရုံပါပဲ။ ကျွန်တော်ကတော့ old school ဖြစ်တဲ့ Manual Steering ကိုပဲသဘောကျတဲ့အတွက် Touch Drive ကို အစမ်းသဘောပဲဆော့ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းကိုလှည့်ပတ်ထိန်းနေရတာကို သဘောမကျသူတွေအတွက် Touch Drive က အသုံးဝင်ပါလိမ့်မယ်။

ပြီးတော့ Asphalt 9 မှာ energy စနစ်ပါဝင်လာပါတယ်။ ပြိုင်ပွဲတစ်ကြိမ်ပြိုင်မယ်ဆို energy တစ်တုံးကုန်ပါတယ်။ Energy က 6/6 ရှိတာဖြစ်လို့ energy ကုန်သွားရင် ပြန်ဖြည့်ပေးရပါတယ်။ ပြန်ဖြည့်တာက premium currency သုံးပြီးဖြည့်နိုင်သလို Ads ကြည့်ပြီးလည်း ပြန်ဖြည့်နိုင်ပါတယ်။ နောက်ပြီးတော့ micro transaction တွေ အများကြီးပါဝင်လာပါတယ်။ ကားတွေကို blueprint တွေစုဆောင်းပြီး unlock လုပ်ရမှာပါ။ အဲဒီ blueprint တွေကို ပြိုင်ပွဲတွေပြိုင်ရာကနေ ရရှိနိုင်သလို card pack တွေဝယ်ယူပြီးလည်း ရယူနိုင်ပါတယ်။ Card pack တွေကတော့ ထုံးစံအတိုင်း ဂိမ်းဆော့ရင်း၊ achievement တွေ unlock လုပ်ရင်းရတဲ့ premium currency နဲ့ဝယ်ယူနိုင်သလို တကယ့်ပိုက်ဆံသုံးပြီးလည်း ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ဒီနောက်ပိုင်းအရမ်းခေတ်စားလာတ့ IAP Model ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။

asphalt_9_legends

IAP Model

App Store ပေါ်က description မှာတော့ ကားအစင်းရေ ၅၀ ကျော်ပါဝင်တယ်လို့ဆိုထားပါတယ်။ ကားတွေကိုတော့ အပေါ်မှာပြောထားတဲ့နည်းတွေနဲ့ unlock လုပ်ရမှာပါ။ ပြီးတော့ ကားတွေကို performance ပိုကောင်းလာအောင် upgrade လုပ်လို့ရပါတယ်။ ဒါကတော့ နဂိုကတည်းကပါဝင်ပြီးသား feature ဆိုတော့ အထူးတလည်မပြောတော့ပါဘူး။ ကားအသစ်တွေမရခင် နဂိုရှိပြီးသားကားတွေကို upgrade လုပ်ပြီးစီးလို့ရတော့ မဆိုးပါဘူးလို့ပဲပြောရမှာပါ။

Asphalt 9 မှာအနှစ်သက်မိဆုံးကတော့ မြေပုံအလန်းတွေပါ။ အောက်ကဗီဒီယိုက ကျွန်တော်သဘောကျမိတဲ့ မြေပုံတစ်ခုမှာဆော့ထားတာကို record လုပ်ထားတာပါ။ ပထမဆုံးအကြိမ်ဆော့ဆော့ချင်းတုန်းက လူကကြောင်ပါကြောင်သွားပါတယ်.. လုံးဝကိုမမျှော်လင့်ထားတာကြီးတွေ ပေါ်လာလို့ဖြစ်ပါတယ်။ တစ်ချက်ကြည့်လိုက်ပါဦး.. ဗီဒီယိုက တိုတိုလေးပါ။

မြေပုံတွေလန်းသလို ပါဝင်တဲ့နောက်ခံသီချင်းတွေကလည်း အလန်းပါ။ Beat တွေကအမှန်အကန်မြူးတာမို့ high speed မောင်းနေတဲ့အချိန်ဆို ရှယ်ပါပဲ။ Graphic ကလည်း Asphalt ထုံးစံအတိုင်းလန်းသေးတော့ ကစားရတာတော်တော်အထာကျပါတယ်။ အပေါ်ကဗီဒီယိုမှာက ချောက်တီးချောက်ချက် starter car နဲ့ဆိုတော့ သိပ်မမိုက်ဘူးလို့ထင်သွားရင် အောက်က official trailer မှာ ကားအလန်းတွေကိုကြည့်လိုက်ပါ.. ခိုက်သွားပါလိမ့်မယ်။

ဂိမ်းရဲ့ quality ပိုင်းက အထူးတလည်ပြောနေစရာတောင်မလိုဘူးလို့ထင်ပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း တော်တော်သဘောကျမိပါတယ်။ အရှေ့ဂိမ်းတွေနဲ့ယှဉ်ရင် အများကြီးတိုးတက်လာတယ်ဆိုတာကလည်း အသိသာကြီးပါ။ အဲဒီတော့ ဒီဂိမ်းအောင်မြင်မအောင်မြင်ဆိုတာကို IAP က စကားပြောပါလိမ့်မယ်။ In App Purchase တွေကို Free-to-Play Player တွေသည်းမခံနိုင်လောက်အောင် မတရားကြီးထည့်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့မထင်ပါဘူး။ လောလောဆယ်က soft launch ပဲရှိသေးတော့ လက်ရှိမြင်နေရတာတွေက ပြောင်းလဲသွားနိုင်ခြေရှိပါသေးတယ်။

 

How To Play

ဗီဒီယိုကြည့်ရတာအားမရဘူး.. ကိုယ်တိုင်ကစားကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် လုပ်ရမယ့်အဆင့်လေးတွေကို ပြောပြသွားပါမယ်။ လောလောဆယ်မှာတော့ soft launch က iOS အတွက်ပဲရရှိသေးတာပါ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ဖိလစ်ပိုင်နိုင်ငံရဲ့ App Store မှာပဲတင်ထားတာပါ။ အဲဒီတော့ Asphalt 9 ကိုဒေါင်းဖို့အတွက် ဖိလစ်ပိုင် iTunes Account ရှိဖို့လိုပါတယ်။ File size ကတော့ 1.4 GB ဖြစ်ပါတယ်။

ဖိလစ်ပိုင် account လည်းရှိပြီ၊ 1.4 GB ကိုလည်းဒေါင်းပြီးသွားပြီဆိုရင်တောင် တန်းဆော့လို့မရသေးပါဘူး။ Gameloft က ကစားတဲ့သူက ဘယ် region ကနေဆော့နေတာလည်းဆိုတာကို ဂိမ်းထဲဝင်ဝင်ချင်းစစ်ပါတယ်။ ဖိလစ်ပိုင် ip address နဲ့မဟုတ်ရင် ဂိမ်းထဲပေးမဝင်ပါဘူး။ ဒီအဆင့်ကိုတော့ VPN သုံးပြီးဖြေရှင်းရမှာဖြစ်ပါတယ်။ ပြဿနာက Free VPN တော်တော်များများက ဖိလစ်ပိုင်နိုင်ငံကိုလှမ်းချိတ်လို့မရပါဘူး.. ရတဲ့ဟာကျတော့လည်း ပိုက်ဆံပေးရပါတယ်။ VPN ၁၀ ခုလောက်စမ်းကြည့်အပြီးမှာတော့ VyprVPN [Free] နဲ့အဆင်ပြေသွားပါတယ်။

အဲဒီတော့ VPN ကိုဖွင့်ပြီး ဖိလစ်ပိုင်ကိုရွေးပါ.. ပြီးရင် Asphalt 9 ကိုဖွင့်ပါ။ ဝင်လို့မရဘူးဆိုရင် ဂိမ်းကိုအပြီးပိတ်.. VPN ကို disconnect>reconnect လုပ်ပြီးပြန်စမ်းပါ။ ကံကောင်းရင်တစ်ခါတည်းရမယ်.. ကံသိပ်မကောင်းရင် ၄-၅ လောက်စမ်းကြည့်ရနိုင်ပါတယ်။ ချိတ်ဆော့လို့ရတာကတော့ သေချာပါတယ်။ 😅

ကဲ.. စိတ်လည်းရှည်တယ်၊ ဂိမ်းကိုဒေါင်းဖို့လည်းအဆင်ပြေတယ်ဆိုတဲ့သူတွေကတော့ အပေါ်မှာပြောခဲ့တဲ့နည်းအတိုင်း စမ်းဆော့ကြည့်နိုင်ပါတယ်။ Asphalt 9: Legends နဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းတွေရရှိခဲ့ရင်လည်း Playon ပရိသတ်တွေအတွက် အလျှင်းသင့်သလို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password