ကွန်မန်ဒါ နေရာကတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးစစ်တိုက်ခြင်း အရသာကို ကောင်းကောင်းကြီးမြည်းစမ်းရမယ့် Art of War : Red Tides!

စစ်တိုက်ရမဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် Strategy သုံးဖို့လိုအပ်တာ ကျွန်တော်မပြောတာတောင် မိတ်ဆွေသိနေမှာပါ။ကွန်မန်ဒါ နေရာကဆော့ကစားရမှာကြောင့် တာဝန်ကြီးတဲ့ Role နေရာကနေ ကစားရမှာဆိုရင်လည်းမမှားပါဘူး။ ကွန်မန်ဒါ ဖြစ်နေပေမယ့် မိတ်ဆွေတစ်ယောက်တည်း တပ်သားတွေကို ထိန်းချုပ်နေရပြီး အထီးကျန်ကျန် ဆော့ရမှာတော့မဟုတ်ဘူးဗျ။ ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ ဆုံးဖြတ်ချက်တိုင်းကို အမှားနည်းအောင် Assistant တစ်ယောက်ထားပေးထားတာကြောင့်ပါ။ Assistant ကတည်ငြိမ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေပြီး Battle Field မှာဖြစ်ပျက်သမျှအခြေအနေတွေကို သတိပေးနေမှာဖြစ်ပါတယ်။ အဲ့ဒီအမျိုးသမီးအသံက Iron Man suit ထဲက အမျိုးသမီး အသံနဲ့ဆင်တာကြောင့် Superhero Fan တွေအနေနဲ့ အကြိုက်တွေ့မှာအမှန်ပါပဲ။

စစ်တိုက်ရမှာက လူတွေအချင်းချင်းမဟုတ်ပဲ ကမ္ဘာပေါ်မှာမရှိတဲ့ အခြားမျိုးစိတ်တွေပါ ပါဝင်မှာပါ။ ပြောရရင် ဂြိုလ်သားတွေပေါ့ဗျာ။ ခရီးဝေးဝေးသွား တိုက်စရာမလိုဘဲ မျက်နှာချင်းဆိုင်ယှဉ်ပြီးတိုက်ခိုက်ရမှာဖြစ်ပါတယ်။ မိတ်ဆွေကို Defensive အဆောက်အဉီး ၃ ခုပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီ Defensive အဆောက်အဉီးတွေကို ရန်သူလက်ချက်ကြောင့် ပြိုမကျအောင် ကာကွယ်ရမှာက မိတ်ဆွေတာဝန်ဖြစ်ပါတယ်။

Defensive အဆောက်အဉီး ဆိုပေမဲ့ ရန်သူကိုပစ်ခတ်နိုင်တဲ့ ကိရိယာတွေ တပ်ဆင်ပေးထားတာကြောင့် ပြိုကျဖို့ အခွင့်အရေးက ၇၀ ရာခိုင်နှုန်းလောက်ပဲရှိမှာပါ။ အဆောက်အဉီး ၃ ခုမှာ မိတ်ဆွေရဲ့ အဓိက အကြီးဆုံးအဆောက်အဉီးကြီး ပြိုကျသွားမှ သာ Game Over မှာဖြစ်တာကြောင့် အဲ့ဒီအဆောက်အဉီး မပြိုခင် အထိ မိတ်ဆွေဆီမှာ ကြိုးစားပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ရန်သူဘက်က Formation ကလည်း မိတ်ဆွေနဲ့အားလုံးဆင်တူပါပဲ။ အားလုံးဆင်တူဖြစ်နေပေမယ့် အနိုင်အရှုံးကတော့ မိမိရဲ့ တပ်သားတွေကို ထိရောက်မယ့်နေရာမှာသေသေချာချာ အသုံးချနိုင်တဲ့ Strategy အပေါ်လိုက်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။

စစ်တိုက်ဖို့တပ်သား ထုတ်တဲ့အခါမှာ မိတ်ဆွေလုပ်ရမှာက နှစ်ခုသာ ရှိပါတယ်။ အသုံးပြုမယ့် တပ်သားအမျိုးအစားနဲ့ တပ်သားအရေအတွက်ကို နှိပ်ရုံဖြစ်ပါတယ်။ ပထမပိုင်းမှာတပ်သားထုတ်နိုင်တဲ့ capacity က ၂၀၊ ၃၀ နဲ့ ၄၅ ပတ်ဝန်းကျင်လောက်သာရှိနေမှာဖြစ်ပြီး မိတ်ဆွေဆော့လာတာကြာလာတာနဲ့အမျှ Capacity က ၁၀၀ အထိဖြစ်လာမှာပါ။ Battle တစ်ခုမှာ Withdraw ဖြစ်ဖို့အချိန်တစ်ခုသတ်မှတ်ထားပါတယ်။ အဲ့ဒီ Withdraw အချိန်အထိ စစ်တိုက်တာမပြီးသေးဘူးဆိုရင်တော့ မိတ်ဆွေဘက်ကရော ရန်သူဘက်ကရော နှစ်ဖက်စလုံးရဲ့ Defensive အဆောက်အအုံ့ နှစ်ခု ပြိုကျသွားမှာဖြစ်ပြီး အဓိကအရေးကြီးတဲ့အဆောက်အအုံ့တစ်ခုသာ ကျန်ခဲ့မှာဖြစ်ပါတယ်။

In-game System အချို့ကို ဖော်ပြထားပါရစေ။ ဂိမ်းစစဝင်ချင်းမှာ Casual Match, Ranked, Arena, Army Setup နဲ့ Units စတဲ့ Option တွေကိုတွေ့ရမှာဖြစ်ပါတယ်။

Casual Match ထဲမှာ Quick Play, Versus A.I, Command Academy နဲ့ Custom Game စတဲ့ Option တွေကိုတွေ့ရမှာပါ။ Quick Play ကတော့ Global က Player တွေနဲ့စစ်တိုက်ရမှာဖြစ်ပါတယ်။ 1 Vs 1 (သို့) 3 Vs 3 ကစားနိုင်မှာဖြစ်ပါတယ်။ Versus A.I ကတော့ AI တွေနဲ့တိုက်ရမှာဖြစ်ပါတယ်။ Command Academy ကတော့ မိတ်ဆွေရဲ့ Trainer နဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ မတူညီတဲ့နေရာ ၃၀ ကျော်ကိုတွေ့ရမှာဖြစ်ပြီး စစပိုင်းမှာအချို့သာ Unlock ဖြစ်နေမှာဖြစ်ပါတယ်။

Custom Game ကတို့သူငယ်ချင်း အချင်းချင်း တိုက်ခိုက်နိုင်တဲ့ Option ဖြစ်ပါတယ်။ Ranked ကတော့ မိတ်ဆွေရဲ့ In-game Level 15 ရောက်ရှိမှဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Arena ကတော့ Online Multiplayer ကစားနိုင်မှာဖြစ်ပြီး In-game Level 8 ရောက်ရှိ မှကစားနိုင်မှာဖြစ်ပါတယ်။ Army Setup နဲ့ Units Option တွေက Strategy ချလို့အကောင်းဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ Option နှစ်ခုမှာ Hero တစ်ကောင်ချင်းစီရဲ့ အချက်အလက်ကို အသေးစိတ်လေ့လာနိုင်ပြီး အားသာချက်၊ အားနည်းချက်တွေသိနိုင်တာကြောင့်ပါ။

Free To Play ပါ။ IOS Platform တစ်မျိုးမှာသာကစားနိုင်ပါတယ်။ Strategy ကိုအသားပေးထားပြီး မိမိရဲ့ဉီးနှောက်ကို refresh လုပ်တဲ့နေရာမှာ အထောက်အကူပြုထားတဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Art of War : Red Tides

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password