News

Mobile Platform ပေါ်ကို ရောက်ရှိနေသူ Tekken

ရှေ့ရက်ပိုင်းလောက်က Pre Register လုပ်ထားနိုင်ပြီဖြစ်တဲ့ အကြောင်း ကြေညာထားတဲ့ action Fighting ဂိမ်းတစ်ခုဖြစ်တဲ့ Tekken အမည်ရတဲ့ ဂိမ်းကို Playon မိတ်ဆွေများအနေနဲ့ သိရှိပြီး ဖြစ်မှာပါ။ အခုတစ်ခါမှာကတော့ Google Play မှာရယူနိုင်တော့မှာ ဖြစ်တဲ့အကြောင်းကိုလည်း တစ်ဆက်တည်း တင်ဆက်လိုက်ရပါတယ်။

       

ဇာတ်လမ်းသွား ပုံစံနဲ့ ပြုလုပ်ထားတဲ့ Fighting ဂိမ်းအနေနဲ့ Gamers များရဲ့ စောင့်ကြည့်ခံနေရတဲ့ ဂိမ်းတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ဒီဂိမ်းမှာ သက်ဆိုင်ရာ heroes များကိုလည်း လိုက်လံစုဆောင်းရင်း ပြင်းထန်အားပါတဲ့ တိုက်ကွက်များအတွက် ability cards များဟာလည်း အရေးပါလှပါတယ်။ ထွက်ရှိဖို့ သေချာနေတဲ့ Fighting ဂိမ်းကတော့ အခုချိန်မှာ Game review များထွက်ရှိလာပြီဖြစ်လို့ မိတ်ဆွေများအနေနဲ့လည်း လေ့လာနိုင်ပါတယ်။

ခန့်မှန်းထားတာ ထက်တောင် ပိုစောထွက်ရှိတယ်လို့ ဆိုရသလို ဒီကနေ့ကစလို့ ရယူနိုင်ပြီဖြစ်တဲ့ နိုင်ငံ နေရာဒေသများကိုပါ တစ်ပါးတည်း ဖော်ပြပေးလိုက်ရပါတယ်။

February 1st : Latin America, Eastern Europe, Middle East, Africa, South East Asia

February 15th : UK, Germany, Austria, Switzerland, France, Spain, Italy, Russia, Benelux, Singapore

March 1st : United States, Japan, Taiwan, South Korea, Hong Kong

Game features များဟာလည်း စိတ်ဝင်စားစရာကောင်းသလို ထည့်သွင်းထားတဲ့ control စနစ်များဟာလည်း လွယ်ကူရိုးရှင်းတဲ့ အတွက် ရယူထားဖို့ ထိုက်တန်တဲ့ ဂိမ်းကောင်းတစ်ခုဆိုတာကိုလည်း မှတ်ချက်ပြုပါရစေ။ မကြာမှီမှာတော့ mobile platform များဖြစ်တဲ့ Android အပြင် IOS မှာပါ နေရာယူမယ့် ဂိမ်းတစ်ခုလည်း ဖြစ်နေပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများထဲက တစ်ခုဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာလည်း အခုဆိုရင် ဒီ Fighting ဂိမ်းကို Google Play Store မှာရယူနိုင်ပြီး Playon မိတ်ဆွေများအနေနဲ့ ဂိမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း . . . . . . . . . . . . . ။

Google Play Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: