News

Android ပေါ် ရောက်ရှိလာပြီ ဖြစ်တဲ့ 2D ဂိမ်းတစ်ခု Lost Socks: Naughty Brothers

2D Platform gaming ဂိမ်းတစ်ခုလို့ ပြောရမယ့် Lost Socks: Naughty Brothers လို့ အမည်ရတဲ့ ဂိမ်းဟာ Android Platfrom ပေါ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Action Platform ဂိမ်းများကို ကြိုက်နှစ်သက်သူ အဖို့ သဘာတွေ့စေမှာလည်း ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ Story ကိုတော့ ညီအစ်ကို နှစ်ယောက်နဲ့ ပုံဖော်ထားပြီးတော့ ပျောက်ဆုံးသွားတဲ့ ညီကို လိုက်ရှာရင်းနဲ့ ကြုံတွေ့ရမယ့် အတားအဆီးများကို ဖြေရှင်းရင်းနဲ့ ကယ်တင်ရမယ့် ပုံစံနဲ့ တည်ဆောက်ထားတာဘဲ ဖြစ်ပါတယ်။

ဒီဂိမ်းထဲမှာတော့ သင့်အနေနဲ့ မတူညီတဲ့ လက်နက်ကိရိယာများကို ရယူခြင်းများနဲ့အတူ တစ်ခုချင်းစီရဲ့ လိုအပ်တဲ့ စွမ်းအားမြင့်တင်မှုများ upgrade ပြုလုပ်ဖို့ အတွက်ကတော့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။ ရှေ့မှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို ဖြေရှင်းဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ စက်သေနတ်များနဲ့ လောင်ချာများလည်း အသုံးတဲ့လှတဲ့ လက်နက်အဖြစ် ရှိနေမှာပါ။

ကိုယ့်ရဲ့ ညီကို ကယ်တင်တဲ့အချိန်မှာ ရန်သူများကို တိုက်ခိုက်ချေမှုန်းခြင်းများနဲ့ အတူ ခေါင်းဆောင်လို့ ပြောရမယ့် Boss Fight များကိုလည်း ကျော်လွှားဖို့တော့ ရှိနေပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ကာတွန်းဂိမ်းတစ်ခု အဖြစ်ဆိုနိုင်သလို ဒီဂိမ်းဟာ ကလေးတွေအတွက်ဘဲ မဟုတ်သလို ဘယ်သူမဆိုဆော့ကစားနိုင်ပြီး Gameplay ကတော့ အနည်းငယ် ခက်ခဲမှာ ဘဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိန်ခေါ်မှု ရှိတဲ့ ဂိမ်းတစ်ခုအဖြစ် မှတ်ချက်ပြုပါရစေ။

Shooting Platform ဂိမ်းများကို သဘောကျနှစ်သက်သူ Playon မိတ်ဆွေများ အနေဖြင့်လည်း အခုဖော်ပြပေးလိုက်တဲ့ ဂိမ်းအကြောင်း အမြည်း ပေးပြီးပြီဆိုတော့ သဘောတွေ့မယ်လို့ ယုံကြည်ပါတယ်။ ဒီဂိမ်းကတော့ IOS မှာ ထွက်ရှိထားပြီ ဖြစ်ပေမယ့် Android gamer များအတွက် သတင်းကောင်းလို့ ပြောရမယ့် Android Platform မှာရောက်ရှိခြင်းကတော့ ရယူဖို့ အခွင့်အရေး မဟုတ်လား။

ဒီဂိမ်းကိုတော့ Free to play အနေနဲ့ IOS ရော Android မှာပါ ရယူနိုင်ပြီ ဆိုတဲ့ အကြောင်း ဖော်ပြရင်း အခြားခြားသော ဂိမ်းကောင်းများကိုလည်း ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ Playon နဲ့အတူ ရှိနေဖို့ ခေါ်ဖိတ်လိုက် ရပါတယ် ခင်ဗျား. . . . . . . . . . . . ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: