ArticleNews

မိုဘိုင်းလ်မှာ Payday 2 ပုံစံနဲ့ မြင်တွေ့ရမယ့် Armed Heist

Payday 2 ရဲ့ ပုံစံကို အများကြီး လွှမ်းမိုးထားတဲ့ Third Person Shooter ဂိမ်းအသစ် Armed Heist က အခုဆိုရင် beta အနေနဲ့ ထွက်နေပါပြီ။ ဒီဂိမ်းလေးကို Payday ကစားဖူးတဲ့ သူတွေ ဆိုရင်ကောင်းကောင်း သိကြမှာပါ။ ဂိမ်းရဲ နာမည်ထဲကအတိုင်း Player က ဂိမ်းထဲမှာ ရတနာဆိုင်တွေ ကို ဓားပြတိုက်ရမှာပါ။ ဘယ်နေရာတွေကို ဓားပြတိုက်ရမလဲဆိုတာကိုတော့ Crime Map ထဲမှာတွေ့ရမယ့် လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဂိမ်းထဲကို စဝင်ဝင်ချင်းမှာ အရင်ဆုံး ကိုယ်ကစားရမယ့် ဇာတ်ကောင်ကို ရွေးချယ်ရမှာပါ။ အဲ့ကနေ မတူညီတဲ့ လက်နက်တွေ၊ ပြုပြင်မွန်းမံမှုတွေ နဲ့ ပုံပန်းသွင်ပြင်တွေကို ရွေးချယ်ရမှာပါ။ လက်နက်ကိရိယာတွေကိုလည်း မတူညီတဲ့ အမြင်တွေ၊ Suppressor တွေ နဲ့ အခြား upgrade တွေကို သုံးပြီး စိတ်ကြိုက် ဒီဇိုင်းဖော်လို့ရပါတယ်။

ဂိမ်းထဲမှာတွေ့ရမယ့် မစ်ရှင်တွေက အမြဲတမ်း တူနေမှာမဟုတ်ပါဘူး။ တစ်မျိုး စီပြောင်းနေမှာပါ။ ပြင်းပြင်ထန်ထန် တိုက်ပွဲဆင်နွှဲရမယ့် content တွေလည်း ပါဝင်မှာဖြစ်တာကြောင့် ကစားရမှာ လုံးဝကို သည်းထိတ်ရင်ဖိုပါပဲ။ ဘယ်လိုတောင် ကစားရတာ မိုက်လဲဆိုတာကို သိချင်ရင်တော့ နမူနာ ဗီဒီယိုလေးကို တစ်ချက်သာ ရှိုးလိုက်ပါဦး။

Wow!!! နမူနာကတော့ လုံးဝကို အလန်းကြီးနော်…

ဒီထဲက အတိုင်း Armed Heist ထဲမှာ အပြင်းထန်ဆုံး ရာဇဝတ်မှုတွေကို ကျူးလွန်ချင်တယ်ဆိုရင် သူ့ရဲ့ beta ကို ကစားလို့ ရနေပါပြီ။ အခုထိတော့ multiplayer ကစားလို့ မရသေးပေမယ့် နောင်လာမယ့် update အသစ်တွေမှာ multiplayer feature အသစ် ပါဝင်လာမယ်လို့ သိရပါတယ်။

ကဲ??? ဘယ်လိုလဲ သင့်အကြိုက် ဂိမ်း ပုံစံမျိုးဖြစ်ရဲ့လား ဘော်ဘော် တို့ရေ 😆😆😆)

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password