News

Beta အနေနဲ့ ထွက်ရှိနေပြီဖြစ်တဲ့ Armajet 2D shooter

Shooter ဂိမ်းကောင်းကောင်းကို လိုက်ရှာနေတဲ့သူတွေအတွက် လုံးဝကို ကွက်တိဖြစ်တဲ့ Armajet 2D ဂိမ်းကို Beta အနေနဲ့ ကစားလို့ရနေပါပြီနော်။

Armajet က လုံးဝကို ကစားကြည့်သင့်တဲ့ real-time comparative multiplayer shooter ဂိမ်းတစ်ခုဖြစ်ပါတယ်။ အခုလို အရမ်းလန်းတဲ့ဂိမ်းကောင်းတစ်ခု မိုလ်ဘိုင်းပေါ်ကိုရောက်ရှိလာတာက shooter ပရိသတ်တွေအတွက်တော့ တကယ့်ကို ကောင်းတဲ့ ကိစ္စတစ်ခုပါ။

အခုအချိန်မှာတော့ beta အနေနဲ့ပဲထွက်ရှိထားသေးပေမယ့် full game ကို မကြာခင် ကစားလို့ရနိုင်တော့မှာပါ။ Full ဂိမ်းကလည်း Beta လိုပဲ အခြေခံအားဖြင့် လုပ်ဆောင်ချက်တွေ အားလုံး တူညီပါတယ်။ Beta ကို မစမ်းကြည့်သေးခင် အရင်ဆုံး အောက်က Trailer လေးကို ကြည့်လိုက်ပါဦးနော်။

Wow!!! ဘယ်လိုတောင် မိုက်တာလား…

Trailer ကတော့ လုံးဝကို အကြမ်းစားကြီး နော်။ လက်နက်တွေကလည်း တကယ့်ကို အယ်စတုံကြီးတွေ… 😎)

Shooter ဆိုတဲ့ အတိုင်း ဂိမ်းထဲက ဆွဲဆောင်မှုရှိတဲ့ 2D ပတ်ဝန်းကျင်ထဲမှာ အမျိုးအစားစုံလင်တဲ့ လက်နက်တွေနဲ့ အတူ ရန်သူတွေကို သေနတ်နဲ့ ပစ်ရမှာပါ။ 2D ဂိမ်းဖြစ်တာကြောင့် 3D ဂိမ်းတွေလို Graphic ပိုင်းက သိပ်ပြီးကျေနပ်ဖို့ တော့ မကောင်းပေမယ့် ဇာတ်ကောင် တွေရဲ့ ဒီဇိုင်းတွေကတော့ လုံးဝကို အမိုက်စားကြီးတွေပါ။ Armajet ထဲမှာ သင်ကြိုက်နှစ်သက်တဲ့ weapon တွေကို ရွေးချယ်ပြီး မတူညီတဲ့နည်းလမ်းမျိူးစုံနဲ့ သူတို့ကို upgrade လုပ်ယူနိုင်ပါတယ်။

Armajet က PC, iOS, Android တို့နဲ့ ကစားလို့ရတဲ့ cross platform ဂိမ်း ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ အတူတူ ကစားတဲ့ အခါ device ချင်းမတူလည်း ကိစ္စမရှိပါဘူး။ သူ့ရဲ့ beta ကို စမ်း ကစားဖို့အတွက် ဒီလင့်ခ်လေး ထဲကို ဝင်ပြီး register လုပ်နိုင်ပါတယ်။

အကယ်၍ သင်က အရမ်းကို မိုက်တဲ့ shooter ဂိမ်းတွေကိုမှ သဘောကျတဲ့သူဆိုရင်တော့ အချိန်ဆွဲမနေပဲ အခုချက်ချင်း Armajet beta ကို သွားပြီး download လုပ်ယူလိုက်ပါနော်။

Download Beta Here!

မှတ်ချက် ။ ။ အချို့သော device များတွင် ကစားလို့မရနိုင်သေးပါ။

 

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: