News

‘ARK: Survival Evolved’ Mobile က iOS အတွက် Soft Launch ထွက်နေပြီ

Invite-Only နဲ့ Beta Test တွေ လှိမ့်လုပ်နေခဲ့တဲ့ ARK Mobile ဟာ နောက်ဆုံးတော့ Soft Launch အနေနဲ့ ကနေဒါ App Store မှာ ထွက်ရှိလာပါပြီ။ ပြောမယ်ဆိုရင် Official ထွက်ဖို့ တော်တော်နီးစပ်နေပြီဆိုတဲ့ အဓိပ္ပာယ်လည်းသက်ရောက်ပါတယ်။

ဒီအကြောင်းမသိသေးတဲ့သူတွေအတွက် နည်းနည်းနောက်ကြောင်းပြန်ကောက်ပေးပါ့မယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက Studio Wildcard ကနေပြီးတော့ သူ့ရဲ့ နာမည်ကြီး PC/Console ဂိမ်းတစ်ခုဖြစ်တဲ့ ‘ARK: Survival Evolved’ ကို Mobile Platform ပေါ်သယ်ဆောင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ iOS မှာ Closed Beta Test တွေတောက်လျှောက်ပြုလုပ်နေခဲ့ပြီး တနေ့ကမှ Soft Launch အနေနဲ့ Public Beta ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ Soft Launch ကာလမှာ Server Stress Test တွေပြုလုပ်လို့ အဆင်ပြေချောမွေ့ပြီဆိုတာနဲ့ Official Release ပြုလုပ်မှာဖြစ်ပါတယ်။

Mobile Version မှာ မူရင်းဂိမ်းက Feature တွေ တော်တော်များများ ပါဝင်မှာဖြစ်ပေမယ့် Direct Port မဟုတ်တဲ့အတွက် ကွဲပြားချက်တွေရှိမှာပါ။ ဒါ့အပြင် ARK Mobile ဟာ Standalone Port ဖြစ်လို့ PC/Console နဲ့ Cross-Platform ကစားလို့ရမှာမဟုတ်ပါဘူးလို့ဆိုထားပါတယ်။ ARK Mobile နဲ့ပတ်သက်ပြီး ကြေညာထားဖူးသမျှတွေကို ယခင်ကစုစည်းဖော်ပြပေးဖူးခဲ့ပြီး ဒီနေရာမှာ သွားရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။

Official Release အထိမစောင့်နိုင်တော့ဘူး ဆိုတဲ့သူတွေကတော့ ကနေဒါအကောင့်ပြုလုပ်ပြီး ယခုပဲ ဒေါင်းယူဆော့ကစားနိုင်ပါတယ်။ ဒါမှမဟုတ် ဂိမ်းတွေအားလုံးကို ကိုယ့်အကောင့်တစ်ခုတည်းမှာပဲ စုထားချင်တယ်ဆိုသူတွေကတော့ Official Release ကို ခဏစောင့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ တစ်ခုရှိတာက ဒီဂိမ်းကိုဆော့လို့ရဖို့ Mid to High-end Device တွေလိုအပ်မှာပါ။ iOS အတွက်ဆိုရင် iPhone 7 နဲ့အထက်၊ iPad Mini 4, iPad 5th Gen နဲ့အထက်၊ iPad Pro တို့နဲ့မှ အဆင်ပြေပြေ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။

ark survival evolved

ark survival evolved

Download Link – ARK Mobile

 

Ref: PG

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password