Reviews

‘ARK: Survival Evolved’ Mobile Early Review: ဒိုင်နိုဆောတွေ စွန်းကြမ်းလွန်းထင်ရ

လနဲ့ချီပြီးစောင့်လာရတဲ့ ARK Mobile က နောက်ဆုံးတော့ Android ရော iOS ပေါ်ကိုပါ ရောက်လာပါပြီ။ အဲဒီတော့ 1.7 GB ကြီးကို ဒေါင်းပြီး ဆော့ကြည့်လိုက်တယ်ပေါ့နော်။

ပထမဦးဆုံးအနေနဲ့ ချီးကျူးချင်တာက သူ့ရဲ့ Control စနစ်ကိုပါ။ ဂိမ်းတစ်ခုကို Mobile ဖက်ကို Port လုပ်မယ်ဆိုရင် Mobile ရဲ့ Touch Control နဲ့ အဆင်ပြေအောင် Control Scheme တစ်ခုလုံးကို အစအဆုံး ပြန်စဉ်းစားရပါတယ်။ ဂိမ်းရဲ့ Graphic ဘယ်လောက်ကောင်းကောင်း၊ Gameplay ဘယ်လောက်မိုက်မိုက်၊ Control အဆင်မပြေရင် ဘယ်သူမှ မဆော့ချင်ပါဘူး။ ဒီအချက်ကို သဘောပေါက်တဲ့ Studio Wildcard က ARK Mobile ရဲ့ Control ကို တော်တော်လေး အဆင်ပြေအောင် ဒီဇိုင်းဆွဲထားပါတယ်။ Improvement တွေလုပ်လို့ရသေးပေမယ့် အခုလက်ရှိ Control Scheme က နားလည်ရလွယ်ကူသလို တကယ်လည်း အသုံးဝင်တာကို တွေ့ရမှာပါ။

အထူးသဖြင့် သူ့ရဲ့ Quick Access Panel ကို တော်တော်သဘောကျမိပါတယ်။ Screen ရဲ့ ညာဖက်ကနေ အလယ်ကို Swipe လုပ်ပေးရုံနဲ့ ကိုယ် Quick Access ထဲထည့်ထားတာတွေကို အလွယ်တကူ ပြောင်းလဲအသုံးပြုလို့ ရစေပါတယ်။ တစ်ခုရှိတာက iPad မှာဆော့တဲ့သူတွေအနေနဲ့ ARK ရဲ့ Quick Access ကိုခေါ်တဲ့ command က iPad Split-view ရဲ့ command နဲ့အတူတူဖြစ်နေတဲ့အတွက် အစပိုင်းမှာ တိုင်ပတ်တာမျိုး ကြုံရနိုင်ပါတယ်။

Graphic ပိုင်းကလည်း တော်တော်အဆင်ပြေပါတယ်။ PC ပေါ်က Graphic နဲ့ ထပ်တူကျဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပေမယ့် Mobile ဂိမ်းတစ်ခုအနေနဲ့ တော်တော်လေး အိုကေတယ်လို့ ပြောလို့ရပါတယ်။ တစ်ခုရှိတာက ကျွန်တော့်စက်ကြောင့်ပဲလား၊ ဂိမ်းကြောင့်လားတော့ မပြောတတ်ပါဘူး.. ဂိမ်းက တစ်ချက်တစ်ချက် ထစ်ထစ်သွားပါတယ် (ကျွန်တော်စမ်းတာ iPad 2017 မှာပါ)။ ဒါပေမယ့်လည်း ဂိမ်းကို လုံးဝဆော့လို့မရတော့တဲ့ အခြေအနေအထိ မဖြစ်စေတော့ လောလောဆယ်တော့ ကိုယ့်စက်ကြောင့်ပဲနေမှာပါလို့ တွေးထားလိုက်ပါတယ်။

တစ်ခုသတိပေးချင်တာက Tutorial Mission တွေဆော့နေချိန်မှာ လျှာရှည်ပြီး ကျွန်တော့်လို လျှောက်မမွှေပါနဲ့။ ခိုင်းတဲ့ဟာတွေပဲလုပ်ပါ။ Screen မှာ ဒိုင်နိုဆောတွေမြင်တာနဲ့ နောက်ပြန်လှည့်ပါ။ အကောင်သေးလို့ဆိုပြီးလည်း အထင်သွား မsmall ပါနဲ့.. ကျွန်တော်လို့ အလောင်းပဲ ပြန်သွားကောက်နေရပါလိမ့်မယ်။ 😂

ARK Mobile ရဲ့ Required Spec တွေကတော့ နည်းနည်းမြင့်ပါတယ်။ App Description ထဲကအတိုင်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

For Android: This game is officially supported only on touchscreen Android devices with at least 3 GB of RAM and up-to-date Vulkan support.

For iOS: This game is officially supported on the following devices only: iPhone 7, 7 Plus, 8, 8 Plus, iPhone X, iPad Mini 4, iPad 5th Gen, iPad 6th Gen, iPad Air 2, and all iPad Pros.

သေချာတာတော့ ARK Mobile ဟာ လက်ရှိအချိန်မှာ Mobile Platform ရဲ့ အကောင်းဆုံး Survival Game တွေထဲကတစ်ခုဆိုတာပါပဲ။ Original ARK fan တွေရော Survival Game ချစ်သူတွေပါ စမ်းကြည့်သင့်ပါတယ် (Data ဖိုးတော့ ခိုင်ပါစေ၊ ဘာလို့ဆို ဂိမ်းစထွက်ထွက်ချင်းဆို Update တွေက ခပ်စိပ်စိပ်လာတတ်လို့ပါ)။

 

Download ARK Mobile – Android, iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: