News

ARK: Survival Evolved က ဇွန် ၁၄ မှာ Android နဲ့ iOS ပေါ်သို့ရောက်မည်

ARK Mobile ရဲ့ Official Release က ဒီလောက်မြန်လိမ့်မယ်လို့ မထင်ထားခဲ့မိတာ အမှန်ပါ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကျော်လေးကမှ Soft Launch လုပ်ခဲ့တာဆိုတော့ Server Test ဘာညာတွေနဲ့ Global Launch က နည်းနည်းလိုဦးမယ်လို့ တွေးထားခဲ့မိတာပါ။ ဒါပေမယ့်လည်း Soft Launch စတင်ပြီး ၂ ပတ်လောက်မှာပဲ Official ထုတ်ပေးတော့မယ်ဆိုတော့ ဆော့ဖို့စောင့်နေတဲ့ ကိုယ်တွေက ဟက်ပီးပဲပေါ့။ 😁

ကစားပုံကတော့ သူ့ရဲ့ Main Title အတိုင်းပဲဖြစ်ပြီး Mobile Device တွေမှာ ဆော့ကစားရတာအဆင်ပြေအောင် အနည်းငယ်ပြုပြင်ထားတာပဲရှိပါတယ်။ ဂိမ်းကတော့ Free-to-Play ဖြစ်ပြီး Premium Currency ကတော့ ‘Ancient Amber’ ဖြစ်ပါတယ်။ Ancient Amber ကိုအသုံးပြုပြီး အဆောက်အအုံအလန်းတွေဆောက်တာ၊ Buff တွေဝယ်ယူတာ၊ သေသွားတဲ့ ဒိုင်နိုဆောတွေကို ပြန်ရှင်တာ စတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်လကို $4.99 နဲ့ Primal Pass subscription ကို ဝယ်ယူနိုင်ဦးမှာဖြစ်ပြီး Bonus Benefit တွေ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ပိုင်းဂိမ်းတွေထုံးစံအတိုင်း Download Size ကတော့ မသေးလှပါဘူး။ iOS အတွက် 1.7 GB ရှိပြီးတော့ Android အတွက်လည်း အဲ့နားဝန်းကျင်လောက် ရှိမှာပါ။ ဒါ့အပြင် ဒီဂိမ်းကိုဆော့ကစားဖို့ Mid to High-end Device တွေလိုအပ်မှာပါ။ Android အတွက် လိုအပ်တဲ့ Spec အတိအကျကို မသိရှိရသေးပေမယ့် iOS အတွက်ကတော့ iPhone 7 နဲ့အထက်၊ iPad Mini 4, iPad 5th Gen နဲ့အထက်၊ iPad Pro တို့နဲ့မှ ဆော့ကစားရအဆင်ပြေမယ်လို့ ပြောကြားထားပါတယ်။

Ref: TA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password