News

‘ARK: Survival Evolved’ – Android နဲ့ iOS ဆီကိုလာမည်

ဒီတစ်ပတ်ကတော့ တကယ့်ကို သတင်းကောင်းတွေချည်းပါပဲ။ Fortnite ကလည်း Mobile ပေါ်ရောက်လာတော့မယ်၊ သူ့ကို Clone လုပ်ထားတဲ့ FortCraft ကလည်း အပြိုင်လိုက်ထွက်လာတယ်.. အခုတဖန် နာမည်ကြီး PC/Console ဂိမ်းတစ်ခုဖြစ်တဲ့ ‘ARK: Survival Evolved’ ကလည်း Mobile ပေါ်ကိုရောက်လာပြန်တော့မယ်တဲ့။ What is Happening!!! 😱

ဒီ Mobile Version မှာ စထွက်တာနဲ့ ဒိုင်နိုဆော အမျိုးအစား ၈၀ ကျော်ပါဝင်လာမှာဖြစ်ပြီး မူလဂိမ်းက Feature တွေဖြစ်တဲ့ စခန်းတည်ဆောက်တာ၊ ဒိုင်နိုဆောတွေကို လိုက်ဖမ်းတာ၊ အခြားကစားသူတွေနဲ့အတူ ကစားလို့ရတာ စတာတွေအကုန်လုံး လုပ်ဆောင်လို့ရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက PC နဲ့ Console ပေါ်မှာ File Size 60-100 GB လောက်ပြေးနေတဲ့ဂိမ်းတစ်ခုကို Mobile ပေါ်မှာ ဘယ်လိုများ Port လုပ်မှာလည်းလို့ မေးချင်စရာရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Developer တွေက အဖြေပြန်ပေးထားပါတယ်။

ARK Mobile ဟာ Download Size 2GB ခန့်ရှိမှာဖြစ်ပြီးတော့ iOS အတွက်ဆိုရင် 2GB RAM နဲ့ Android အတွက်ဆိုရင် 3GB RAM လိုအပ်မှာဖြစ်ပါတယ်။ ဒီဂိမ်းကိုဆော့ကစားဖို့ iOS Device တွေအတွက်ဆိုရင် iPhone 7 နဲ့အထက်လိုအပ်မယ်လို့ဆိုပါတယ်။ ပြောမယ်ဆိုရင် Spec မြင့်တဲ့ High-End ဖုန်းတွေတော့လိုအပ်မှာဖြစ်ပါတယ် (RIP Potato Phones)။

ARK Mobile ကို နွေဦးကာလအတွင်းမှာထွက်ရှိဖို့ ရည်ရွယ်ထားတယ်လို့ဆိုတဲ့အတွက် မေလလောက်ဆိုရင်တော့ Official ထွက်လောက်ပြီလို့ ယူဆလို့ရပါတယ်။ လောလောဆယ်မှာတော့ Android ရော iOS အတွက်ပါ Beta Sign-Up ပြုလုပ်လို့ရနေပါပြီ။ Pre-Register လုပ်ထားတဲ့သူတွေကို ဂိမ်းထွက်တဲ့နေ့ကျရင် In-Game Gift တွေ ပေးရင်ပေးဦးမှာလို့လည်း Developer တွေကဆိုထားပါသေးတယ်။ ကဲ.. အောက်က Trailer ကိုကြည့်ပြီး ကြိုတင်ရင်ခုန်ထားလိုက်ကြရအောင်လား… 😁

Ref: PG

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: