US နဲ့ Canada Region မှာ Pre-registration ရပြီဖြစ်တဲ့ ‘Arena of Valor’ တစ်ဖြစ်လဲ ‘Honor of Kings’

တရုတ်နိုင်ငံမှာ အအောင်မြင်ဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Honor of Kings ဟာ အနောက်နိုင်ငံတွေဆီကို ခြေလှမ်းဆန့်မယ်လို့ သတင်းထွက်နေတာ လအနည်းငယ်ကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ Publisher ဖြစ်တဲ့ Tencent ဟာ Honor of Kings ရဲ့ Global Version ဖြစ်တဲ့ Arena of Valor ကို US နဲ့ Canada နိုင်ငံတွေမှာ Pre-register လုပ်လို့ရပြီလို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Pre-register လုပ်တဲ့သူတွေဟာ Hero တစ်ယောက်ဖြစ်တဲ့ Ormarr ရဲ့ Limited Skin ကို ရရှိကြမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်သူငယ်ချင်း ၅ ယောက်ကို Pre-register လုပ်ဖို့ ဖိတ်ခေါ်နိုင်ရင် Level 3 Arcana Chest တစ်ခုကို ရရှိဦးမှာပါ။ တကယ်လို့ Pre-register လုပ်တဲ့လူဦးရေ ၁၀၀,၀၀၀ ပြည့်သွားခဲ့ရင် Gem ၁၀၈ လုံးနဲ့ Double-Experience Card တွေကိုပါ ထပ်ဆောင်းရရှိဦးမှာ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ နာမည်ကြီးပုံနဲ့ဆိုရင် Pre-register ၁၀၀,၀၀၀ ပြည့်ဖို့က အဲဒီလောက်ခက်မယ် မထင်ပါဘူး။

Honor of Kings ဆိုတဲ့ Mobile MOBA ဂိမ်းဟာ Tencent ရဲ့ Cash Cow ဆိုရင်လည်း မမှားပါဘူး။ ကစားသူ သန်း ၂၀၀ ခန့်ရှိတဲ့ ဒီဂိမ်းဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ အမြတ်ဝင်ငွေအရရှိဆုံး ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို တရုတ်နိုင်ငံကလူတွေ အရမ်းရူးသွပ်ကြလွန်းလို့ ဝေဖန်မှုတွေများလာတဲ့အတွက် သက်ငယ်ပိုင်းကစားသူတွေကို ကစားချိန်ကန့်သတ် ခဲ့ရတဲ့အထိပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုအောင်မြင်တဲ့ ဂိမ်းတစ်ခုကို ကျွန်တော်တို့တွေ မကြာမီ မြည်းစမ်းခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။ Pre-register ဖွင့်ပေးလိုက်ပြီဆိုတော့ Official Release လုပ်ဖို့အတွက် အများကြီးစောင့်စရာမလိုတော့ဘူးလို့ ခန့်မှန်းရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password