News

US Store ပေါ်ရောက်လာပြီဖြစ်တဲ့ Arena of Valor – Gameplay First Impression

Tencent ကတော့ သူ့ရဲ့ Super Cash Cow ဖြစ်တဲ့ Arena of Valor ကို US Store ပေါ်တင်ပေးလိုက်ခြင်းနဲ့ သူ့ရဲ့မြောက်အမေရိကစစ်မျက်နှာကို စတင်လိုက်ပြီပဲဖြစ်ပါတယ်။ US store ပေါ်ရောက်တာကိုယ်တွေနဲ့ဘာဆိုင်သလဲလို့မေးချင်စရာရှိပါတယ်။ အဲဒါကဘာကြောင့်လည်းဆိုတော့ iOS user တော်တော်များများက သူတို့ရဲ့ iTunes account ကို US နဲ့ဖွင့်ထားတတ်ကြလို့ပါ၊ ကျွန်တော့်လို user မျိုးပေါ့။ လစဉ်ကစားသူဦးရေ သန်း ၂၀၀ တောင်ရှိတဲ့ဂိမ်းဆိုတော့ ဘယ်လိုမျိုးလဲဆိုတာ သိချင်ခဲ့မိတာအမှန်ပါပဲ။ ဒီနေ့တော့ အဲဒီဆန္ဒတွေပြည့်ဝသွားပြီပဲဖြစ်ပါတယ်။ Arena of Valor ထွက်ပြီဆိုတဲ့သတင်းကြားတာနဲ့ အပြေးလေးသွားဆော့ကြည့်လိုက်ပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ First Impression ကို ဖော်ပြပေးသွားပါမယ်။

ဒီဂိမ်းကိုမဆော့ခင်မှာ ကျွန်တော်အစိုးရိမ်ခဲ့ဆုံးက Latency ပြဿနာပါ။ ကျွန်တော်က မြန်မာနိုင်ငံကနေဆော့တာဆိုတော့ US Server တွေနဲ့ဆိုတော်တော်ဝေးတဲ့အတွက် Latency ၂၀၀ လောက်ဖြစ်နေမှာကိုစိုးရိမ်တာပါ။ အားလုံးပဲသိကြတဲ့အတိုင်း Latency ၂၀၀ ဆိုတာ တစ်ခြားဂိမ်းအမျိုးအစားတွေမှာပြဿနာမရှိပေမယ့် MOBA ဂိမ်းတွေမှာ Latency ၁၀၀ ကျော်တာနဲ့ကို ကိုယ့်ရဲ့ performance ကိုထိခိုက်ပါတယ်။ Spell သုံးတာ delay ဖြစ်နေလို့ မထိသွားတာဟာ battle တစ်ခုလုံးကိုပေးလိုက်ရနိုင်တဲ့အတွက်ပါ။ ဂိမ်းထဲဝင်ဝင်ချင်းမှာတော့ ဂိမ်းက Europe server ကိုချိတ်ဖို့ recommend လုပ်ပေမယ့် ချိတ်လို့မရတဲ့အတွက် North America server ကိုပဲချိတ်လိုက်ရပါတယ်။ Main Menu ထဲမှာ latency ၂၀၀ ကျော်ပြနေတဲ့အတွက် နည်းနည်းတော့အားလျော့သွားပေမယ့် report ထိထိဆိုပြီး 5vs5 match ရှာလိုက်ပါတယ်။ အံအားသင့်စွာပဲ ပွဲစတာနဲ့ latency က ၆၀-၇၀ ပတ်ချာလည်ပဲရှိတော့တာကိုတွေ့ရပါတယ်။ AOE အကွင်းတွေချိန်ပြီးသုံးရတဲ့ Alice လို Hero ကိုကိုင်တာတောင် ဘာပြဿနာမှမရှိပဲ MVP တောင်ရလိုက်သေးတယ်ဆိုတော့ ဆော့ရတာတော်တော်အဆင်ပြေတယ်ပြောရမှာပါ။

Gameplay အပိုင်းကတော့ ထွေထွေထူးထူးပြောနေစရာမလိုလောက်ပါဘူး။ ပုံမှန်မြင်နေကျ MOBA ဂိမ်းတွေအတိုင်း lane ၃ ခုမှာဆော့ကစားပြီး ရန်သူ့ Throne ကိုအရင်ချိုးနိုင်အောင်ကြိုးစားရမှာပါ။ MOBA ဂိမ်းချစ်သူတွေကတော့ သဘောကျကြမှာပါ။ ပြီးတော့ တစ်ရက်မှာ ၃ ပွဲပုံမှန်ဆော့ရုံနဲ့ Hero အသစ်တွေကို unlock လုပ်လို့ရဦးမှာဆိုတော့ မဆိုးလှပါဘူး။ လောလောဆယ်အချိန်မှာတော့ Soft Launch လို့ဆိုထားပေမယ့် ကောင်းကောင်းကြီးဆော့လို့ရတဲ့အတွက် ဒီဂိမ်းကိုစောင့်မျှော်နေတဲ့ MOBA ဂိမ်းချစ်သူတွေ ခပ်သွက်သွက်သာပြေးဒေါင်းလိုက်ကြပါလို့။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password