News

iOS မှာ Pre-Order လုပ်လို့ရနေပြီဖြစ်တဲ့ Arena: Galaxy Control online PvP battles

အာကာသတိုက်ပွဲဂိမ်း Arena : Galaxy Control ကို iOS အတွက် App Store မှာ pre-order လုပ်ယူလို့ရနေပါပြီနော်…ခန့်မှန်းခြေ March လ ၁ ရက်နေ့လောက်မှာ ထွက်ရှိမှာဖြစ်ပြီး ဈေးနှုန်းက free ဖြစ်ပါတယ်။ Arena : Galaxy Control က PVP multiplayer online battle arena (MOBA) ဂိမ်းဖြစ်ပြီး သိပွံစိတ်ကူးယဉ် ဆန်ဆန် အာကာသတိုက်ပွဲတွေ ဆင်နွှဲရမှာပါ။

ဂိမ်းထဲမှာ Sci-fi troops, perks နဲ့ defenses တို့ကို featuring အနေနဲ့ ယူထားတဲ့ ကတ်တွေကို update လုပ် စုဆောင်းပေးဖို့လိုပါတယ်။ သင့်ဘက်က စက်ရုပ် စစ်သည်တော်တွေနဲ့ ရန်သူ့ Spacecruiser Towers တွေကို ဖျက်ဆီးပစ်ပြီး ပြိုင်ဘက်တွေကို အနိုင်ယူကာ အောင်ပွဲခံရမှာပါ။

အင်္ဂါရပ်များ

  • ရုပ်ထွက်ကောင်းမွန်တဲ့ 3D အာကာသတိုက်ပွဲဖြစ်ခြင်း
  • ကမ္ဘာတစ်ဝှမ်းရှိ Real-time တိုက်ပွဲများမှ duel ကစားသမားများကို အနိုင်ယူနိုင်ခြင်း
  • ကိုယ်ပိုင် အာကာသ တပ်ဖွဲ့ တစ်ခု ပြုလုပ်နိုင်ခြင်း
  • ပြိုင်ဘက်များကို အနိုင်ယူကာ ကြီးမာသော ကြယ် containers များရယူခြင်း
  • အကောင်းဆုံး တိုက်ပွဲတွေကို ကြည့်ခြင်းဖြင့် ကွဲပြားခြားနားသော မဟာဗျူဟာနှင့် နည်းဗျူဟာများ လေ့လာနိုင်ခြင်း

Please note : Arena: Galaxy Control ကအခမဲ့ဂိမ်းဖြစ်ပါတယ်။ ဒါပေမယ့် အထဲမှာပါဝင်တဲ့ ဂိမ်း items တွေကို တကယ့်ငွေကြေးပေးပြီး ဝယ်ယူရမှာပါ။ အကယ်၍ အခု feature ကို မယူချင်ဘူးဆိုရင် setting ထဲက Purchase ကို password protection လုပ်ထားပေးလိုက်ပါ။ ကစားမယ်ဆိုရင် network (အင်တာနက်) ချိတ်ဆက်ထားမှုရှိရပါမယ်။

Android အတွက် အရင်ဆုံးထွက်ရှိထားတာဖြစ်ပါတယ်။ Play Store မှာ rating 4.8 အထိရှိထားတဲ့အတွက် App Store ရဲ့ pre-order ကိုလည်း gamers တော်တော်များများ စိတ်ဝင်စားနေကြပါတယ်။ အောက်မှာ ကြိုပြီး ခံစားထားဖို့အတွက် နမူနာ video လေး ဖော်ပြထားပါတယ်။

 

Download link – IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password