Features

ဂိမ်းကစားခြင်းမှာ ကောင်းကျိုးတွေရှိလား ???

ဂိမ်းကစားရင် မျက်လုံးပျက်မယ်၊ ဂိမ်းကြောင်ဖြစ်မယ်၊ ကျန်းမာရေးထိခိုက်မယ် .. စတဲ့ လူကြီးတွေရဲ့ ဆုံးမစကားတွေကို gamers တော်တော်များများကြားဖူးကြမှာပါနော့်…XD။

မှန်ပါတယ်… ဂိမ်းကစားရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဂိမ်းကစားခြင်းရဲ့နောက်ကွယ်မှာ တကယ့်ကို ထိရောက်တဲ့ advantages တွေလည်း အများကြီးရှိနေတယ်နော်… သူတို့တွေက ဘာတွေလဲသိချင်လာကြပြီမဟုတ်လား…သိချင်ရင် ဆက်ပြီး ဖတ်သွားကြည့်ကြရအောင်နော်။

ဟိုးရှေးအစဉ်အဆက်ကတည်းက လူတော်တော်များများက ဂိမ်းကစားခြင်းကို စိတ်အပန်းဖြေဖို့အတွက် သာကစားခဲ့ကြတာများပါတယ်။ ဂိမ်းကို entertainment တစ်ခုကဲ့သို့ ယူဆကြတဲ့ အယူအဆတစ်ခုဟာ အခုခေတ်ထိ မပျောက်ကွယ်သေးပါဘူး။ ဒါပေမယ့် သုတေသီတွေရဲ့ ရှာဖွေလေ့လာချက်အရဂိမ်းကစားခြင်းဟာ စိတ်အပန်းဖြေနိုင်တဲ့ entertainment တစ်ခုအပြင် အခြားထူးခြားတဲ့
အကျိုးသက်ရောက်မှုတွေကိုလည်း ပေးနိုင်တယ်လို့သိရပါတယ်။

ရုပ်ပိုင်းဆိုင်ရာ လေ့ကျင်းခန်းတွေဖြစ်တဲ့ Gym ကစားခြင်း လိုမျိုးလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို သန်မာလာစေဖို့အတွက်ထောက်ပံ့ပေးနိုင်သလိုပဲ ဂိမ်းကစားခြင်းကလည်း ဦးနှောက်လုပ်ဆောင်ချက်များကို တိုးမြှင့်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြပေးထားတာတွေကတော့ ဂိမ်းကစားခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါပဲ။

ကလေးတစ်ယောက် (သို့) ဆယ်ကျော်သက်အရွယ်တစ်ယောက် ဂိမ်းကစားနေရင် ခဏစောင့်ပြီး ကြည့်ကြည့်လိုက်ပါ။ သူဟာ ကွန်ပြူတာ (သို့) ဖုန်းကိုပဲ တဆိုက်မတ်မတ် မလှုပ်မယှက်ကြီးထိုင်ကြည့်နေတာ မဟုတ်ပါဘူး။ ဂိမ်းကစားနေတဲ့ သူဟာ အမြင်အာရုံ ၊ အကြားအာရုံနဲ့၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ အချိုးကျကျ အသုံးပြုကြရပါတယ်။ အဲ့တာကြောင့်screen ပေါ်မှာရှိတဲ့ လှုပ်ရှားမှုတွေက စိတ်ပိုင်းဆိုင်ရာကို အများကြီးထောက်ပံ့ပေးနိုင်ပြီး ဦးနှောက်ရဲ့ အမြင်၊ အကြား၊ လှုပ်ရှားမှုစွမ်းရည်တွေရဲ့ညှိနှိုင်းဆောင်ရွက်မှုကို တိုးတက်စေနိုင်ပါတယ်။

နောက်တစ်ခုက ပြဿနာဖြေရှင်းတဲ့ အရည်အချင်း တိုးတတ်စေတာပါ။ Games တွေတော်တော်များများမှာ သူ့စည်းနဲ့သူ သတ်မှတ်ထားတဲ့ rules တွေရှိပါတယ်။ အဲ့ဒီ rules တွေကို player က ဘယ်လိုလုပ်ရမလဲ ? ဒီ level နိုင်အောင် အကွက်ဘယ်လိုရွှေ့ရမလဲ ? ဒီအကောင်ကြီးကို ဘယ်လို သမ ရမလဲ? စတဲ့ စတဲ့ thinking လေးတွေပေါ့နော်.. သူတို့တွေက သင့်ရဲ့ ပြဿနာဖြေရှင်းတဲ့ အရည်အချင်းတွေကို တိုးတက်စေနိုင်တယ်လို့သိရပါတယ်။

နောက်တစ်ခုကတော့ မှတ်ဉာဏ်အပိုင်းပေါ့နော်။ ဂိမ်းတစ်ခုကို စစကစားချင်းမှာ ဂိမ်းရဲ့ အနှစ်သာရကို မသိပဲ ကျော်ခွပြီး ကစားသွားလို့ မရပါဘူး။ သူဖော်ပြပေးထားတဲ့ instructions တွေ ကို သေသေချာချာလေးမှတ်သွားပြီး ဂိမ်းတစ်ခုလုံးကို အပြီးထိ ကစားသွားရမှာပါ။ အဲ့ဒီအပိုင်းက puzzles ဂိမ်းတွေဆို ပိုပြီးသိသာပါတယ်။ မှတ်ဉာဏ်ကို အသုံးပြုပြီး ကစားရတဲ့အတွက် ဂိမ်းတွေက သင့်ရဲ့ memory ကို တိုးမြှင့်ပေးနိုင်ပါတယ်။

နောက်ဆုံးတစ်ခုပြောချင်တာက အာရုံစူးစိုက်မှုကို တိုးတက်စေနိုင်တာပါ။ အထူးသဖြင့် action ဂိမ်း, adventure ဂိမ်းတွေ ကစားရင်းနဲ့ စိတ်ရောလူရော မြောပါသွားတာ gamer တိုင်းဖြစ်ဖူးကြမှာပါ။ သူတို့ကိုကစားရင်း အာရုံစူးစိုက်နိုင်မှုကို ပိုမို တိုးတက်စေနိုင်တယ်လို့သိရပါတယ်။ အခု ဖော်ပြသွားတဲ့ benefits တွေကိုကြည့်ပြီး ဂိမ်းတွေကြီးပဲထိုင် ကစားနေလို့လဲမရဘူးနော်။ “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း သင့်တင့်မျှတစွာနဲ့ ချင့်ချိန် ကစားဖို့လည်းလိုအပ်ပါတယ်။

 

Via 1, 2

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: