ArticleNewsReviews

စမတ်ဖုန်းတွေအတွက် ထွက်ရှိလာပြီဖြစ်တဲ့ Arcane Quest Legends

ဒီတစ်ခေါက်မှာတော့ Playon က Diablo ပရိသတ်တွေအတွက် Diablo နဲ့ဆင်တဲ့ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သူ့ကို Net Game Studios ကနေ ထုတ်လုပ်ဖန်တီးထားတာဖြစ်ပြီး Android နဲ့ iOS နှစ်မျိုးစလုံးနဲ့ ကစားလို့ ရပါတယ်။ စိတ်ဝင်စားရင် ဆက်ပြီးဖတ်သွားကြည့်နော်။

Arcane Quest Legends ကို Blizzard က ထုတ်လုပ်ဖန်တီးထားတာ မဟုတ်ပေမယ့် သူကလည်း Diablo နဲ့တော်တော်လေး ဆင်တူရိုးမှားပါပဲ။ အကယ်၍ သင်ကဒီဂိမ်းလေးကို မကြိုက်တဲ့ သူဆိုရင်တော့ Diablo ကို PC တစ်မျိုးတည်းနဲ့ပဲ ကစားချင်တဲ့ သူပဲဖြစ်မှာပါ။ ဂိမ်းလေးကို သေချာကြည့်ရင် လိုဏ်ဂူတွေနဲ့တောတွေက ပတ်ဝန်းကျင်အနေအထားလိုမျိုးဟာတွေမှာ visuals တွေကို သေသေချာချာလေး ဖန်တီးထားတာ တွေ့ရမှာပါ။

ပြီးတော့ ဇာတ်ကောင်ပိုင်းကို ကြည့်ရင်လည်း player က ကိုယ်ရဲ့ ကိုယ်ပိုင် ဇာတ်ကောင်ကို ကိုယ်တိုင်ဖန်တီးပြီး ကစားရမှာပါ။ ရွေးချယ်နိုင်မယ့် ဇာတ်ကောင်ရဲ့ Traditional class system ကို ကန့်သတ်ထားတာကလွဲရင် ကိုယ့်ရဲ့ ကိုယ်ပိုင်ဇာတ်ကောင်ကို အမှန်တကယ် ပြိုင်စံရှားဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ အောက်က trailer လေးကို တစ်ချက် ကြည့်လိုက်ပါဦး။

Wow!!! Trailer နဲ့တင် ဟာကနဲ ဟင်ကနဲဖြစ်သွားမယ်နော်။ တိုက်နေခိုက်နေလိုက်ကြတာဆိုတာ။ 🤣)

RPG ဖြစ်တာကြောင့် RPG fan တွေ အကြိုက်တွေ့မယ့်ပုံစံလေးဖြစ်မယ်ထင်ပါတယ်။ Price ကလည်း free ဖြစ်တာကြောင့် စိတ်ဝင်စားရင် ကစားကြည့်နိုင်ပါတယ်။ ဂိမ်းထဲမှာ တစ်ယောက်ချင်း ယှဉ်ပြိုင်နိုင်မယ့် Single player campaign လေးတွေအပြင် ပေါ့ပေါ့ပါးပါးယှဉ်ပြိုင်နိုင်ဖို့ ဂိမ်းအသေးစားလေးတွေပါ ပါဝင်ပါသေးတယ်။ ထွက်ထားတာလည်း သိပ်မကြာသေးလို့ ဂိမ်းသစ်ကိုမှ စိတ်ဝင်စားပါတယ်ဆိုတဲ့ ဘော်ဘော်တွေလည်း ကစားကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Download link – Android/ iOS

Ref: Gamebraves

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password