Reviews

ဆန်းသစ်တဲ့ပုံစံနဲ့ ကစားရမယ့် Rhythm ဂိမ်း Arcaea

Rhythm ဂိမ်း ဆိုတဲ့အတိုင်း မြူးကြွတဲ့ သံစဉ်တွေနဲ့ စည်းချက်ညီညီ ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး အနုပညာရှင်တွေရဲ့ သီချင်းတွေ ပါဝင်တဲ့အတွက် ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ သံစဉ်တွေကို ခံစားရမှာပါ။

Arcaea က သင်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Rhythm ဂိမ်းပုံစံကို ပိုပြီး ထူးခြားဆန်းသစ်တဲ့ အဝေ့အဝိုက် အကွေ့အကောက် ဒီဇိုင်းတွေနဲ့ ဖန်တီးထားတာပါ။ Arcaea ဂိမ်းထဲမှာ နာမည်ကြီး အနုပညာရှင်အယောက် ၂၀ ရဲ့ သီချင်းပေါင်း ၆၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။
သီချင်းအပုဒ်တိုင်းမှာ အခက်ခဲဆုံး အချိုးအကွေ့ ၃ ခုဆီကို ကျော်ဖြတ်ရမှာ ဖြစ်လို့ သူတို့ကိုကျော်လွှားနိုင်မှ level တက်နိုင်မှာပါ ။

Content update တစ်ကြိမ်လုပ်တိုင်း သံစဉ် အသစ်တွေ ထပ်ထပ်ပြီး ပါဝင်လာမှာဖြစ်ပါတယ်။ ကစားနေရင်း internet (သို့) Wifi သုံးစရာ မလိုပဲ Offline အနေနဲ့ ကစားနိုင်ပါတယ်။ ဂျပန်ကောင်မလေးနှစ်ယောက် သံစဉ်ကမ္ဘာကြီးထဲကို ရောက်သွားပြီး လမ်းပျောက်နေတဲ့ ထူးခြားတဲ့ ပုံစံပြုလုပ်ထားလို့ အခြား Rhythm ဂိမ်းတွေနဲ့ ကွဲလွဲ ထူးခြားနေမှာပါ။

အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား ဘာသာစကား သုံးမျိုးနဲ့ ကစားနိုင်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ challenges တွေနဲ့ ရင်ဆိုင်ရမှာပါ။ လှပတဲ့ ရုပ်ထွက်ဒီဇိုင်းနဲ့ သံစဉ်အလန်းစားလေးတွေက သင့်ရဲ့ စိတ်ဖိစီးမှု တွေအားလုံးကို ယူဆောင်သွားမှာပါ။ Love at first sight ဆိုတဲ့အတိုင်း မြင်မြင်ချင်းကို ချစ်သွားမယ့် ဂိမ်းလေးဖြစ်တာကြောင့် review ရေးပေးလိုက်ပါတယ်နော်။ နမူနာ video ကို အောက်မှာကြည့်နိုင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ ကစားနိုင်ပါတယ်။ Android version 4.1 နှင့်အထက်နဲ့ iOS version 8.0 နှင့်အထက်ရှိလျှင် free download လုပ်ယူနိုင်ပါပြီ။

 

Image Source – Arcaea

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: