News

Android ပေါ်မှာ free ဖြစ်နေတဲ့ Aralon: Sword and Shadow

ပြီးခဲ့တဲ့ အပတ်တုန်းက Ravensword: Shadowlands ကအခမဲ့ ဖြစ်သွားပါတယ်။ ဒီအပတ်မှာတော့ Aralon: Sword and Shadow က free ဖြစ်သွားပါပြီနော်။ ဂိမ်းနှစ်ခုလုံးက မိုလ်ဘိုင်းပေါ်မှာ traditional Elder Scrolls ရဲ့ အတွေ့အကြုံတွေကို ရနိုင်မယ့် ဂိမ်းတွေ ချည်းပါပဲ။ အဲ့တော့ ကစားရတာတော့ လုံးဝကို လန်းနေမှာပါနော်။

ဒီဂိမ်းလေးက ပျင်းစရာကောင်းတာထက် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ ဂိမ်းတစ်ခုပါ။ ဂိမ်းထဲမှာရန်သူတွေကို တိုက်ခိုက်ဖို့ တွက် skills တွေကိူ အသုံးပြုရမှာဖြစ်ပြီး အခြား effects တွေကိုလည်းအသုံးပြုရမှာပါ။ ဂိမ်းက လုံးဝကို အထင်ကြီးလောက်စရာကောင်းတဲ့ RPG ဂိမ်းတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာကြီးထဲကို ဝင်ရောက်ရမှာ ဖြစ်တာကြောင့် ဂိမ်မာတွေအတွက်တော့ ရင်သပ်ရှုမောစရာပါပဲ…။

အကယ်၍ သင်က RPG ဂိမ်း ဖန်တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ခုပဲ Google Play ကို ပြေးပြီ download ရယူလိုက်ပါနော်။ သူရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

Trailer ကတော့ စွန်းမိုက်နေတယ်နော်။ မမိုက်တာ တစ်ခုတော့ရှိပါတယ်။ အဲ့တာကတော့ region တိုင်းနဲ့ မကိုက်ညီတာပါ။ ဈေးချပေးတဲ့ အချိန်ကလည်း limited time နဲ့ ဖြစ်တာကြောင့် အခုပဲ ကိုယ့်ရဲ့ device နဲ့ ကိုက်မကိုက်ကို ကြည့်ပေးကြပါနော်။ Android user တွေ အတွက် အရမ်းကို သတင်းကောင်းဖြစ်နေတဲ့အချိန်မှာ iOS သမားတွေအတွက်တော့သတင်းကောင်း မဟုတ်ခဲ့ပါဘူး။ App store မှာတော့ ငွေပေးပြီး ဝယ်နေရတုန်းပါပဲ တန်ဖိုးက ၄.၉၉ ကျသင့်မှာပါ။

Download link – Android/ iOS

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: