News

Android မှာ အခမဲ့ Download လုပ်လို့ ရနေပြီဖြစ်တဲ့ Aralon: Forge and Flame

Aralon: Forge and Flame က ထူးခြားတဲ့ open world RPG ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူက Elder Scrolls နဲ့ တူညီတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Android ပေါ်မှာ လုံးဝ ဥဿုံ free ဖြစ်နေပါတယ်။Free မဖြစ်ခင် ဈေးနှုန်း ကတော့ ၄.၉၉ ဒေါ်လာဖြစ်ပါတယ်။အခုလို ဈေးချပေးတဲ့အချိန်က အမြဲတမ်းကြီး ဖြစ်နေနိုင်မှာ မဟုတ်တာကြောင့် တုံ့ဆိုင်းမနေပဲ အခု ချက်ချင်း ပြေး download လုပ်ယူထားလိုက်ပါနော်။

Aralon Forge and Flame က open world RPG ဖြစ်တာကြောင့် ဆန်းကျယ်တဲ့ နေရာတွေကို ဖြတ်သန်းသွားရမှာပါ။ ဂိမ်းထဲမှာ လက်နက်ကိရိယာတွေ ၊ item တွေ နဲ့ ဇာတ်ကောင်တွေကို အဆင့်မြင့်တင်ဖို့ နဲ့ စုဆောင်းဖို့ armour တွေ အများကြီး ပါဝင်ပါတယ်။ နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်သွားလိုက်ပါဦးနော်။

ဗီဒီယိုကPCမှာကစားနေတဲ့အတိုင်းအရမ်းအရမ်းကိုလန်းတယ်ဆိုတာကို သက်သေပြနေပါတယ်။ Game ထဲမှာ စိတ်ဝင်စားဖို့ကောင်းပြီး လျို့ဝှက်ဆန်းကျယ်တဲ့ နေရာတွေကလည်း သင့်ကိုစောင့်နေတယ်နော်။

အဲ့တာကြောင့် ခပ်မိုက်မိုက် RPG ဂိမ်းကို ရှာနေတဲ့ သူတွေ Aralon:Forge and Flame အခမဲ့ဖြစ်နေတဲ့အချိန်မှာ ကစားနိုင်ဖို့ အခုချက်ချင်းပဲ ပြေး download လုပ်ယူလိုက်တော့နော်။ But… iOS တွေအတွက်တော့ ငွေပေးပြီး ဝယ်နေရဦးမှာပါ။iOS user တွေအတွက်တော့ free မဖြစ်သေးပါဘူး။ XD

Download – Android 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password