News

သရဲတွေကို ဖမ်းနိုင်မယ့် လုံးဝကိုလန်းတဲ့ AR mobile ဂိမ်း GHOSTBUSTERS WORLD

Pokemon GO ထွက်ရှိခဲ့ပြီးနောက်မှာ Pokemon GO လိုမျိုး AR ဂိမ်း တွေအများကြီးပေါ်လာခဲ့ပါတယ်။ အဲ့ဂိမ်းတွေထဲမှာ အချို့က အရမ်းကို ကစားလို့ကောင်းတဲ့ဂိမ်းတွေပါ။ အချို့ ဂိမ်းတွေကြပြန်တော့လည်း ပေါ့ပျက်ပျက်နဲ့ လုံးဝကို ကစားလို့မကောင်းပါဘူး။ ကစားလို့ကောင်းတဲ့ဂိမ်းတွေကတော့ ပိုများပါတယ်။ အဲ့လို ဂိမ်းတွေအများကြီးထဲကမှ အခုတစ်ခါမှာလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ AR ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ သူ့ရဲ့ နာမည်ကတော့ Ghostbuters ရဲ့ AR ဂိမ်း Ghostbuster World ဖြစ်ပါတယ်။ Ghosterbuters ကာတွန်းကားကြည့်ဖူးတဲ့သူတွေအတွက်တော့ ဒီဂိမ်းလေးက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပြီး ကစားလို့ကောင်းမှာပါ။

Ghostbusters World ထဲမှာ player တွေက ဒစ်ဂျစ်တယ်မြေပုံကို အသုံးပြုပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သရဲတွေကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ Player တွေက AR mode နဲ့ ဂိမ်းထဲမှာ သရဲတစ်ကောင်ကိုရှာတွေ့ပြီဆိုတာနဲ့ Proton pack ကိုသုံးပြီး သရဲကိုဖမ်းနိုင်မယ့် အခွင့်အရေးရမှာပါ။ ဂိမ်းစပြီး ထွက်လာလာချင်းမှာပဲ ဂိမ်းထဲမှာ သရဲအမျိုးအစားပေါင်း ၁၅၀ ကို ဖမ်းယူဖို့အတွက် ထည့်ထားမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့တော့ သရဲအမျိုးအစားစုံကို စ ကစားချင်းမှာမြင်နိုင်မယ့် အခွင့်အရေးရမှာပေါ့နော်။ Proton packs အမျိုးအစားက လေးခုပါဝင်မယ်လို့သိရပါတယ်။ သူ့မှာပါဝင်မယ့် စွမ်းအင်တွေက Great Balls နှင့် Master Balls တွေပုံစံဖြစ်ပါတယ်။ ဒါ့အပြင် app-purchase ကနေတစ်ဆင့် ခဲယမ်းကျောက်တွေ ဝယ်ယူလို့ရပါသေးတယ်။

Pokémon Go ရဲ့ pedometer feature က Pokemon Egg တွေကို ဖောက်နိုင်သလို Ghostbusters World ထဲမှာလည်း Ectoplasms တွေကို ဖောက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အဲ့တာကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်သရဲလေးတွေကိုလည်း ဖန်တီးနိုင်မှာပါ။

ဂိမ်းထဲမှာ Pokémon Go ထဲမှာမပါတဲ့ formula အသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ သူတို့တွေကတော့ ဥပမာပြောရရင် မြေပုံပေါ်မှာ 3D အဆောက်အဦးတွေကို flat map တွေထက်ပိုပြီး ကြွရွတဲ့ ရုပ်ထွက်တွေနဲ့ သရုပ်ဖော်ပြပေးမှာလို့သိရပါတယ်။နောက်တစ်ခု ထည့်သွင်းထားတဲ့အရာကတော့ လူတွေကစားလို့ရနိုင်မယ့် Story Mode ဖြစ်ပါတယ်။ အဆိုပါ story mode ကို IDW Publishing မှ Ghostbusters comics ကိုရေးတဲ့စာရေးဆရာတွေပဲ ပြန်လည်ရေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းထဲမှာ chat feature လည်းပါဝင်မှာဖြစ်တာကြောင့် player အချင်းချင်း ဆက်သွယ်တဲ့နေရာမှာပိုပြီး အဆင်ပြေနိုင်မယ်လို့သိရပါတယ်။

Ghostbusters World ကို အခုနှစ် အကုန်ပိုင်းလောက်မှာ iOS နဲ့ Android နှစ်မျိုးစလုံးအတွက် ထွက်ရှိမယ်လို့သိရပြီး နမူနာဗီဒီယိုလေးကို အောက်မှာကြည့်လို့ရနိုင်ပါတယ်။

ဟဲဟဲ … video ကြည့်ရတာဘယ်လိုလဲဘော်ဘော်တို့ရေ။ အကြိုက်နဲ့ ကိုက်ညီမှုရှိရဲ့လား။ ကစားဖို့အတွက် စိတ်ဝင်စားရင်တော့ မင်မင်နဲ့အတူ သရဲဖမ်းဖို့အတွက် အခုလာမယ့်နှစ်ကုန်ပိုင်းအထိ စောင့်ကြတာပေါ့နော်။ 😆)

 

Ref: geektyrant

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: