News

Steam Link app ကို ပယ်ချလိုက်တဲ့ Apple

Valve ရဲ့ game streaming ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Stream Link app ကို အခုလ အစောပိုင်းက Android beta အနေနဲ့ အောင်မြင်စွာ ဖြန့်ချီနိုင်ခဲ့ပေမယ့် iOS အတွက် အသုံးမပြုနိုင်တော့ဘူးလို့ သိရပါတယ်။ အခုအကြောင်းအရာကို Steam Database ရဲ့ တရားဝင် Twitter အကောင့်ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Steam Database ရဲ့ Twitter မှာ ကြေညာထားတဲ့ post ထဲမှာ ခုလိုရေးသားထားတာကို တွေ့ရှိရပါတယ်။

Related Post >> Steam ဂိမ်းတွေကို Android, iOS ပေါ်မှာ Stream ပြီး ဆော့လို့ရတော့မည်

“မေလ ၇ ရက် တနင်္လာနေ့မှာ Apple က Stream Link app ထွက်ရှိဖို့အတွက် ခွင့်ပြုပေးခဲ့ပါတယ်။ မေလ ၉ ရက်၊ ဗုဒ္ဒဟူးနေ့မှာ Valve ကနေ app နဲ့ ပက်သတ်တဲ့ သတင်းတွေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ နောက်တစ်နေ့မနက်ရောက်တော့ Apple က app ရဲ့ guideline တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းပိုင်းပဋိပက္ခတွေကြောင့် ဆိုပြီး ခွင့်ပြုချက် ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ Apple ရဲ့ ရုပ်သိမ်းချက်အတွက် Valve က သူ့ရဲ့ Steam Link app ဟာ App Store မှာရှိတဲ့ အခြား remote desktop app တွေနဲ့ ပုံစံခြင်းတူတဲ့ LAN-based remote desktop function ကိုပဲ ရိုးရှင်းစွာ အသုံးပြုထားတာပါလို့ ရှင်းပြပြီး အနူးအညွတ်မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် Valve ရဲ့ တောင်းဆိုချက်ကို Apple က ပယ်ချခဲ့ပြီး iOS တွေအတွက် Steam Link app ကို block ခဲ့ပါတယ်။ Steam Link app ရဲ့ project နဲ့ ခွင့်ပြုချက် အတွက် အဖွဲ့က နာရီပေါင်းများစွာ ကြိုးစားခဲ့ရတာကြောင့် အခုသတင်းကို ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Apple ဘက်က ပြန်လည်စဉ်းစားပေးမှာကို မျှော်လင့်နေပါတယ်”
Source: SteamDB

ရေးသားချက် တွေကို သုံးသပ်ကြည့် ရသလောက် Apple က Steam Link app နဲ့ ပတ်သက်ပြီး နားလည်မှု တစ်ခုခု လွဲနေတယ်လို့ ထင်မိပါတယ်။ အခုသတင်းက iOS အသုံးပြုသူတွေ အထူးသဖြင့် ကျယ်ပြန့်တဲ့ Steam library နဲ့ Valve ရဲ့ game steaming နည်းပညာကို မိုလ်ဘိုင်းပေါ်မှာ စမ်းကြည့်ဖို့ စိတ်အားထက်သန်နေတဲ့ သူတွေအတွက် စိတ်မကောင်းစရာသတင်းဖြစ်ခဲ့ပါတယ်။ ပန်းသီး စိတ်ပြောင်း/မပြောင်း ဆိုတာကတော့ ဘယ်သူမှ မသိနိုင်တဲ့အတွက် လုံးဝကြီးမျှော်လင့်ချက်မဲ့သွားတာတော့မဟုတ်ပါဘူး။ အဲ့တော့ ဆက်လက်ပြီး မျှော်လင့်လို့ရပါသေးတယ်။ Steam link app အကြောင်း အပြည့်အစုံကိုတော့ ကိုတော့ Playon Website မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်နော်။

 

Ref: Verge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: