Apple ရဲ့ AR Glasses ကောလဟာလက တကယ်ဖြစ်လာတော့မှာလား?

Apple ရဲ့ AR Glasses ကောလဟာလကတော့ ခပ်သဲ့သဲ့ကြားနေရတာကြာပါပြီ။ ဒါပေမယ့်ထုံးစံအတိုင်း ဘယ်ကထွက်လာတဲ့သတင်းမှန်းမသိ၊ ဘယ်သူကမှလည်းအတည်မပြုနိုင်နဲ့ လုံးချာလိုက်နေကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ထွက်ပေါ်လာတဲ့ Apple ရဲ့ Vrvana ကုမ္ပဏီကိုဝယ်ယူလိုက်တယ်ဆိုတဲ့သတင်းကြောင့် Apple က AR Hardware တစ်ခုကိုဖန်တီးနေတာဖြစ်နိုင်ကြောင်း အနည်းနဲ့အများ ခန့်မှန်းအတည်ပြုလို့ရသွားစေပါတယ်။

Vrvana ဆိုတာကတော့ Kickstarter က Totem Headset ကိုဖန်တီးခဲ့တဲ့ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီ Totem Headset ဟာ VR ရော AR ပါ နှစ်မျိုးလုံးပြသနိုင်စွမ်းရှိတဲ့ Device တစ်ခုပါ။ အဲဒီတော့ ဒီကုမ္ပဏီကို Apple က ဝယ်ယူရတဲ့အကြောင်းအရင်းကို အဝေးကြီးတွေးနေစရာတောင်မလိုလှပါဘူး။ TechCrunch အဆိုအရတော့ Apple က ဒီအကြောင်းနဲ့ပတ်သက်ပြီးစုံစမ်းတာကို ဘာမှအကြောင်းပြန်ကြားခြင်းမရှိသလို ငြင်းဆိုခြင်းလည်းမရှိပါဘူးတဲ့။ အဲဒီတော့ လောလောဆယ်အချိန်မှာ Apple က ဒီကိစ္စကို တိတ်တိတ်လေးဝန်ခံတယ်လို့ပဲ ယူဆထားလိုက်ပါဦးမယ်။

တကယ်တမ်းထွက်လာရင်တော့ တော်တော်မိုက်မှာပါ။ ARKit နဲ့ရေးဆွဲထားတဲ့ AR Game တွေ App တွေက Appstore ပေါ်မှာအများကြီးရှိနေပြီဖြစ်ပေမယ့် တကယ်တမ်းကစားရ၊ အသုံးပြုရတာ အဲဒီလောက်အဆင်မချောသေးပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့အသုံးပြုလို့ရမယ့် AR Device တွေအလွယ်တကူရနိုင်ရင် တော်တော်အဆင်ပြေသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Apple ကထုတ်တဲ့ Hardware တွေက အမြဲတမ်းအလန်းစားတွေမို့ ထွက်လာရင် လိုချင်လို့ရောဂါတက်ရဦးမှာကို မြင်ယောင်မိပါသေးတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password