News

App Store ရဲ့ Feature အသစ်မှာ ဂိမ်းတွေကို Pre-Order လုပ်လို့ရပြီ

ဒီနေ့လေးတင်ပဲ Apple က App Store မှာ ဂိမ်းတွေကို pre-order လုပ်လို့ရမယ့် feature အသစ်တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်။ ဂိမ်းတွေကို pre-order လုပ်ထားလိုက်တယ်ဆိုရင် အဲဒီဂိမ်းတွေထွက်ရှိတာနဲ့ သင့်ဖုန်းထဲကို အလိုအလျှောက် download ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Paid ဂိမ်းတွေကို pre-order ပြုလုပ်မယ်ဆိုရင်တော့ ဂိမ်းထွက်ရှိပြီး download မပြုလုပ်ခင်မှာ ပိုက်ဆံဖြတ်သွားမှာဖြစ်ပါတယ်။ ဒီ Pre-Order feature ဟာ နောက်တစ်မျိုးအသုံးဝင်ပါသေးတယ်။ ဒီနေရာမှာ ဖော်ပြထားခြင်းခံရပြီဆိုရင် အဲဒီဂိမ်းဟာ မကြာခင်ထွက်တော့မယ်ဆိုတာ ခန့်မှန်းလို့ရသွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ Developer တွေက ဒီနေရာမှာ သူတို့ဂိမ်းကိုတင်မယ်ဆိုရင် ဂိမ်းထွက်ရှိမယ့်ရက်ကိုပါ တစ်ပါတည်းဖော်ပြရတဲ့အတွက်ပါ။ ဒါကြောင့် ကိုယ်အရမ်းမျှော်လင့်နေတဲ့ဂိမ်းထွက်ရှိမယ့်ရက်ကို အရင်ကလို website ပေါင်းစုံမှာ ပြူးပြဲပြီးလိုက်ရှာစရာမလိုတော့ပါဘူး။

Pre-Order section မှာ ပထမဆုံးဖော်ပြထားတဲ့ဂိမ်းတွေကတော့ စိတ်ဝင်စားစရာပါပဲ။ စက်တင်ဘာလကတည်းက iOS အတွက်ထွက်ရှိမယ်လို့သတင်းထွက်ထားတဲ့ INSIDE ဟာ လာမယ့်ဒီဇင်ဘာ ၁၅ ရက်နေ့ထွက်ရှိမယ်ဆိုတာသိလိုက်ရပါတယ်။ ဒါ့အပြင် Valve ရဲ့ Bridge Constructor Portal ဟာဆိုရင်လည်း ဒီဇင်ဘာ ၂၀ ရက်နေ့ထွက်ရှိမယ်လို့ list လုပ်ထားပါတယ်။ ဒါ့အပြင် Life Is Strange ၊ Gorogoa လို လူတွေ hype နေကြတဲ့ဂိမ်းတွေကိုလည်း ဒီ pre-order section မှာမြင်တွေ့ရဦးမှာဖြစ်ပါတယ်။

ဒီခေတ်ကြီးမှာ ဂိမ်းတစ်ခုကောင်းမကောင်းဆိုတာကို soft launch တုန်းကဆော့ကြည့်ထားတဲ့သူတွေရဲ့ review တွေကြောင့် အလွယ်တကူသိနိုင်တဲ့အတွက် pre-order ကိုစိတ်အေးလက်အေးလုပ်နိုင်ပါတယ်။ ဒီ Feature က အခုမှစတင်တာဆိုတော့ Apple အနေနဲ့ နောက်ပိုင်းမှာ ဘာတွေထပ်မံထည့်သွင်းဦးမယ်ဆိုတာမသိနိုင်သေးပါဘူး။ Pre-Order လုပ်တဲ့သူတွေကို bonus တစ်မျိုးမျိုးပေးမယ်ဆိုရင်တော့ တော်တော်မိုက်သွားမှာပါ။ ဒါနဲ့ပတ်သက်ပြီး သတင်းအသစ်တွေထပ်မံရရှိခဲ့ရင်လည်း အလျှင်းသင့်သလို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: