News

ပီပြင်လွန်းတဲ့ App Store ပေါ်က Cuphead ဂိမ်းအတု

နာမည်ကြီးတဲ့ဂိမ်းတွေကို ကူးချထားတာတွေ၊ ဆင်တူယိုးမှားလုပ်ထားတာတွေဆိုတာ mobile gaming လောကကြီးမှာမထူးဆန်းလှပါဘူး။ ဒါပေမယ့် အတုနဲ့အစစ်က quality ကွာလွန်းကြတာကြောင့် ဆော့ကြည့်စရာမလိုပဲနဲ့ကို original လား၊ အင်လားဆိုတာကို ခွဲခြားလို့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်သွားတဲ့ App Store ပေါ်က Cuphead ကိစ္စကတော့ အဲဒီလိုမဟုတ်ပဲ တစ်မူထူးခြားလွန်းလို့ App Store သမိုင်းမှာ အပီပြင်ဆုံးအလိမ်အညာတွေထဲကတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဖြစ်ပုံကဒီလိုပါ၊ Cuphead ဂိမ်းဟာ App Store ပေါ်ကို ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီလို ရုတ်ရက်ကြီးဂိမ်းတွေကို App Store ပေါ်တင်တာဟာ developer တွေလုပ်လေ့လုပ်ထရှိတဲ့ပုံစံတစ်ခုဖြစ်လို့ ဘယ်သူမှသံသယမဝင်ခဲ့ပါဘူး။ သူ့ရဲ့သပ်ရပ်လှတဲ့ App Store ပေါ်က page နဲ့ 1.9 GB ပမာဏရှိတဲ့ file size တို့ဟာ ဂိမ်းအတုတစ်ခုလို့ ထင်မှတ်စရာကိုမရှိခဲ့ပါဘူး။ ယေဘုယျအားဖြင့်လက်ခံထားကြတာက ဘယ်သူကမှ ဂိမ်းအတုကို အဲဒီလောက်ကြီးအပင်ပန်းခံပြီးမရေးဆွဲဘူးဆိုတာပါပဲ။ ပြီးတော့ Xbox One နဲ့ PC ကဂိမ်းကို port လုပ်ထားတာဆိုတော့ 1.9 GB ဆိုတာဟာ ဖြစ်နိုင်ခြေရှိတဲ့ပမာဏဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဒါ့အပြင် App Store ပေါ်မှာပေးထားတဲ့ developer page ကိုလည်း ကျကျနနဖန်တီးပေးထားတဲ့အတွက် တော်ရုံလူတွေရဲ့အမြင်မှာတော့ ဒါကြီးတစ်ခုလုံးက လုံးဝ legit ဂိမ်းတစ်ခုပါပဲ။ အဆိုးဆုံးအချက်ကတော့ ဒီဂိမ်းကိုတကယ်ဆော့လို့ရတာပဲဖြစ်ပါတယ်။ Virtual Control တွေနဲ့ကျကျနနဖန်တီးထားပြီး cut scenes တွေလည်းအပီအပြင်ပါဝင်တဲ့အတွက် ဘယ်သူကမှ ဒီဂိမ်းကို scam ဖြစ်တယ်လို့ မထင်ခဲ့ကြပါဘူး။ ဒီဂိမ်းက ဘယ်လောက်အထိ အစစ်နဲ့တူသလဲဆိုတာကတော့ အောက်က gameplay video မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဘယ်အချိန်ကျမှ ဒီ scam ကိစ္စအကြောင်းကိုလူတွေသတိထားမိသွားသလဲဆိုတော့ Cuphead ဂိမ်းရဲ့ developer ဖြစ်တဲ့ Studio MDHR က App Store ပေါ်က Cuphead ဟာ သူတို့ဖန်တီးတာမဟုတ်ပါဘူးလို့ သူတို့ရဲ့ twitter စာမျက်နှာကနေ ကြေညာလိုက်တဲ့အချိန်မှဖြစ်ပါတယ်။

App Store ပေါ်မှာ $4.99 နဲ့ရောင်းချခဲ့တဲ့ဒီဂိမ်းကတော့ အတုမှန်းသိသိချင်း App Store ကနေ ဖယ်ရှားခြင်းခံလိုက်ရပါပြီ။ App Store ပေါ်မှာရှိနေစဉ်ခဏအတွင်းမှာ ဝယ်ယူလိုက်မိတဲ့သူတွေကိုလည်း Apple ကနေ refund ပြန်ပေးနေပါတယ်။ ဒီအရှုပ်တော်ပုံကြောင့် Apple အနေနဲ့ သူ့ရဲ့ App Store policy တွေကို အနည်းနဲ့အများ ပိုမိုတင်းကြပ်တော့မယ်လို့ ခန့်မှန်းရပါတယ်။ ဒီဂိမ်းအတုက ဘယ်လိုလုပ်ပြီး App Store ပေါ်ကိုရောက်ရှိသွားခဲ့သလဲဆိုတာကတော့ ဘယ်တော့မှအဖြေထွက်မှာမဟုတ်တဲ့ ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေမှာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: