NewsReviews

PUBG, Fortnite တို့နဲ့ အပြိုင်ဖြစ်လာမယ့် Apex Legends ကို မိုလ်ဘိုင်းပေါ်မှာ တွေ့ရတော့မယ်…

ဒီတစ်ခေါက်မှာတော့ developer Respawn က မကြာခင်မှာ ထုတ်လုပ်ပေးတော့မယ့် Battle Royale ဂိမ်းအသစ် တစ်ခုအကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းလေးက အားလုံးရဲ့ အချစ်တော် Fortnite နဲ့ PUBG နဲ့ကို ပြိုင်ဆိုင်နိုင်မယ့် ဂိမ်းတစ်ခုဖြစ်တယ်လို့မှန်းထားတဲ့ သူတွေတောင်ရှိနေပါပြီ။

Apex Legends က Titanfall universe ကိုအခြေခံ ဖန်တီးထားတဲ့ first-person shooter ဂိမ်းဖြစ်ပြီးသူ့ကိုဖန်တီးထားတဲ့သူကတော့ Respawn ကဖြစ်ပါတယ်။ Apex Legends က traditional battle royale ဂိမ်းတစ်ခုဖြစ်ပြီး online မှ အခြား player ၃ယောက်နဲ့ ပေါင်း ကစားလို့ ရတယ်လို့ သိရပါတယ်။ ဂိမ်းကို ကစားသမားအရေအတွက် ၆၀ နဲ့ စတင်ကစားလို့ရမှာဖြစ်ပါတယ်။

Gameplay ပုံစံကတော့ Apex Legends က Fortnite/PUBG တို့နဲ့ ကွဲပါတယ်။ သူ့ပုံစံကို အရင်က PC/Console ပေါ်မှာ ကစားဖူးရင်တော့ သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက PC/Console မှာ ထွက်နှင့်ပြီးသားဂိမ်း ဖြစ်နေလို့ပါ။ EA ကလည်း သူ့ကို မိုလ်ဘိုင်းပေါ် ရောက်လာမယ်လို့ ပြောဖူးပါတယ်။ Apex Legends ကို cross platform ကစားနိုင်မယ်လို့ သိရပြီး သင့်သူငယ်ချင်းက ဘယ် device ကိုပဲ သုံးသုံး အတူတူပေါင်းပြီး ကစားလို့ရမှာဖြစ်တယ်လို့သိရပါတယ်။

အခုအချိန်မှာ Battle Royale ဂိမ်းတွေကလည်း တစ်စနဲ့တစ်စ တစ်ဖြေးဖြေးများလာတာကြောင့် ရွေးချယ်ကစားဖို့ မှန်ကန်တဲ့ဂိမ်းဖြစ်နေဖို့လိုပါတယ်။ ဒါပေမယ့် Apex Ledgends ကတော့ တကယ့်ကို မျှော်ရကျိုးနပ်မယ့် ဂိမ်းတစ်ခုလို့ အက်မင် ရဲရဲ ကြီး အာမခံပါတယ်။ မယုံရင် အောက်က trailer ထဲမှာသာ ကိုယ်တိုင် ဝင်ကြည့်လိုက်ပါနော်။။ဟဲ…ဟဲ။

Source-https://www.91mobiles.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password