News

Harvest Moon Creator  ရဲ့ game အသစ်တစ်ခုဖြစ်တဲ့  Little Dragons Cafe

Harvest Moon Creator ဖြစ်တဲ့ Yasuhiro Wada ရေးဆွဲထားတဲ့ Little Dragons Cafe လို့ အမည်ရတဲ့ ဂိမ်းအသစ်တစ်ခုကို မကြာခင် release လုပ်တော့မှာဖြစ်ကြောင်း Aksys Games က ကြေညာခဲ့ပါတယ်။

ဒီဂိမ်းဟာ မောင်နှမနှစ်ယောက်က အအိပ်ကြီးအိပ်ပျော်နေတဲ့ သူတို့ရဲ့မေမေကို နှိုးဖို့အတွက် နဂါးလေးတစ်ကောင်ကိုပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Cafe လေးကိုလဲ ဆက်ပြီးလုပ်ကိုင်နေရမှာဖြစ်သလို တပြိုင်နက်တည်းမှာပဲ နဂါးလေးကောင်းကောင်းကြီးပြင်းလာဖို့လဲ အမျိုးမျိုးကြိုးစားရမှာပါ။

Restaurant game တွေရဲ့ထုံးစံအတိုင်း အစားအသောက် menu တွေနဲ့ ဆိုင်ကိုတိုးချဲ့တာမျိုးစတဲ့ ပုံစံတွေနဲ့ ကစားရမှာဖြစ်ပြီး ကိုယ်ပိုင် recipe အသစ်တွေတီထွင်လုပ်ရတာမျိုးလဲ ပါတယ်လို့သိရပါတယ်။ ဒီဂိမ်းကို ၂နှစ်လောက် အချိန်ယူပြီး သေချာပြင်ဆင်ရေးဆွဲထားတာမို့ ပရိသတ်တွေကို ကျေနပ်မှုအပြည့်ပေးနိုင်မယ့် ဂိမ်းတစ်ခုဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Harvest moon lover တွေအတွက် သတင်းကောင်းတစ်ခုကတော့ ဒီဂိမ်းထဲမှာ harvest moon ထဲက အပြင်အဆင်တချို့တွေမြင်ရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

ဒီ Little Dragons Cafe ဂိမ်းကို ဒီနှစ် နွေရာသီမှာ launch လုပ်သွားဖို့ရှိတယ်လို့ သိရပြီး လောလောဆယ်တော့ PlayStation 4 နဲ့ Switch အတွက်ပဲထွက်ရှိဦးမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: