ArticleReviews

မိုဘိုင်လ်း Dark Souls အနေနဲ့ ကစားနိုင်မယ့် Animus – Harbinger

Playon က ဘော်ဘော်တို့ကို ခုတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးရဲ့ နာမည်ကတော့ Animus – Harbiner ဆိုတဲ့ အက်ရှင်ဂိမ်းလေးပဲဖြစ်ပါတယ်။ Animus – Harbinger ကို အလွယ်ကူဆုံးဖော်ပြရမယ်ဆိုရင်တော့ သူက မိုဘိုင်လ်း Platform မှာ Dark Souls နဲ့ တူတဲ့ ဂိမ်းတစ်ခုဆိုတာပါ။ Dark Souls ပုံစံ အလယ်ခေတ် အက်ရှင်ပုံစံနဲ့ ဥရောပမှော်စွမ်းအင်တွေ ကို Animus – Harbinger ထဲမှာ အပြည့်အဝကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဂိမ်းရဲ့ စတင်ပုံလေးက ကျောချမ်းစရာကောင်းတဲ့ တောအုပ်ကြီးရဲ့ အလယ်မှာ player ကို မသေမျိုးဓားသမားအဖြစ်ဖော်ပြပြီး မိတ်ဆက်ထားတာပါ။ ဒီပုံစံလေး ကို Dark Souls ကစားဖူးတဲ့သူတွေ ရင်းနှီးကောင်းရင်းနှီးနေမှာပါ။

Hardware limitation တွေကြောင့် ဒီဂိမ်းလေးက Large open world ထဲ မဖောက်နိုင်ခဲ့ပါဘူး။ အဲ့တာကြောင့်ပဲ ခုလို အသေးစား device လေးတွေထဲကို အရင်ဝင်ရောက်ရတာလို့ကြားမိပါတယ်။ ဂိမ်းက small screen နဲ့ ကစားရတယ်ဆိုတာက လွဲရင် ဂိမ်းထဲမှာပါဝင်တဲ့ ထည့်သွင်းထားတဲ့ အရာတွေအကုန်လုံးက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။ သူ့ရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

အကယ်၍ သင်က Dark Souls ပုံစံဂိမ်းကို မိုလ်ဘိုင်းပေါ်မှာ ကစားချင်တယ်ဆိုရင်တော့ စိတ်ကူးမလွဲပဲ ခုချက်ချင်းပဲ Animus – Harbinger ကို စမ်းကစားကြည့်လိုက်ပါနော်။ Android, iOS နှစ်ခုစလုံးနဲ့ ကစားလို့ရတဲ့အပြင် device တိုင်းလိုလိုနဲ့ကိုက်ညီတာကြောင့် ရွေးချယ်သင့်တဲ့ဂိမ်းတွေထဲက တစ်ခုပါပဲ။ Download လုပ်ခကတော့ free to play ဖြစ်ပါတယ်။

Download link – Android/ iOS

Ref: Gamebraves

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password