‘Animal Crossing Pocket Camp’ နိုဝင်ဘာလကုန်ထွက်မည်

နောက်ဆုံးတော့ Nintendo က သူ့ရဲ့တတိယမြောက် Mobile ဂိမ်းဖြစ်တဲ့ ‘Animal Crosing Pocket Camp’ ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ အရင် Animal Crossing ဂိမ်းတွေလိုပဲ Community တစ်ခုကိုတည်ဆောက်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ မြို့ရွာတွေမဟုတ်ပဲ Camp Site ကိုစီမံရမှာဖြစ်ပါတယ်။ ကစားသူက Camp Site Manager အနေနဲ့ မိမိရဲ့ Camp ကို ပစ္စည်းမျိုးစုံနဲ့အလှဆင်နိုင်မှာဖြစ်ပါတယ်။ Camp Site အတွက်လိုအပ်တဲ့ပစ္စည်းတွေကို Resource တွေစုဆောင်းပြီးရှာဖွေနိုင်သလို ပတ်ဝန်းကျင်မှာရှိတဲ့အကောင်လေးတွေ လိုအပ်တာတွေကိုလိုက်လုပ်ပေးပြီးလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

In-Game Currency ဖြစ်တဲ့ ‘Bell’ ကို ပစ္စည်းတွေလိုက်ကောက်ရင်းကနေရရှိမှာဖြစ်ပြီး သင့် Camp Site အတွက် လိုအပ်တာတွေဝယ်ယူရာမှာ အသုံးပြုရမှာဖြစ်ပါတယ်။ အဆောက်အအုံတွေဆောက်လုပ်ရာမှာ အမျိုးအစားပေါ်မူတည်ပြီး ပြီးစီးဖို့ကြာမယ့်အချိန်တွေ ကွဲပြားသွားမှာပါ။ မစောင့်ချင်ဘူးဆိုရင်တော့ Premium Currency ဖြစ်တဲ့ ‘Leaf Ticket’ ကိုအသုံးပြုပြီး ချက်ချင်းပြီးစီးအောင်လုပ်လို့ရမှာပါ။ Free-to-Play Mobile ဂိမ်းဖြစ်လာပြီဆိုကတည်းက ဒီလိုမျိုး IAP Scheme လာမှာပဲဆိုတာခန့်မှန်းလို့ရနေတော့ အရမ်းကြီးတော့ မအံ့သြမိပါဘူး။

Game ထဲမှာအခြား Player တွေနဲ့ ID ဖလှယ်ပြီး Friend Add ထားတယ်ဆိုရင် သူတို့တွေရဲ့ Camp တွေကို သွားလည်လို့ရဦးမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ Animal Crossing Series ထုံးစံအတိုင်း Real-Time နဲ့တပြေးညီကစားရမှာဖြစ်ပါတယ်။ အပြင်မှာညရောက်နေရင် ဂိမ်းထဲမှာလည်းညအချိန်ဖြစ်နေမှာဖြစ်ပါတယ်။

Animal Crossing Pocket Camp ကို နိုဝင်ဘာလကုန်မှာ Android နဲ့ iOS Platform တွေအတွက်ထုတ်ဝေပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ Pre-Register ပဲပြုလုပ်လို့ရဦးမှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password